ဆိုးလ်ရှားကို အာဆင်နယ်နည်းပြ ဖြစ်စေချင်စမ်းပါဘိလို့ အီယန်ရိုက်ဆန္ဒပြုလိုက်ရတဲ့ အကြောင်းအရင်း

အာဆင်နယ်ဂန ္ထဝင်တိုက်စစ်မှူးဟောင်း အီယန်ရိုက်ဟာ The Metro နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအ တွင်း မန်ယူနည်းပြ အိုလေဂန်နာဆိုးလ်ရှားကနေ အသင်းက အဓိက ကစားသမားနှစ်ဦးကို စီမံခန့်ခွဲခဲ့ပုံတွေ နဲ့ပတ်သက်ပြီး ချီးကျူးစကားတွေ ပြောလိုက်ပါတယ်။

မန်ယူနောက်ခံလူတွေဖြစ်ကြတဲ့ အဲရစ်ဘေလီနဲ့ လုခ် ရှောတို့တွေဟာ ထူးချွန်တဲ့ကစားသမားတွေမှန်ကြပေမယ့်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ ဒဏ်ရာအ နာတရနဲ့ အခြားသော အကြောင်းအရာတွေကြောင့် ပေါက်ပေါက်မြောက်မြောက်မဖြစ်ခဲ့ကြပါဘူး။

ဒီနှစ်ရာ သီမှာတော့ သူတို့နှစ်ဦးစလုံးဟာ မန်ယူရဲ့ မျှော်လင့်မထားသော ချန်ပီယံဆုဖလားစိန်ခေါ်မှုလမ်းကြောင်းမှာ အကောင်းဆုံးခြေစွမ်းပြလျက်ရှိနေကြတာ တွေ့ရမှာပါ။

ကျနော်တို့ အခုမြင်တွေ့ခဲ့ရပြီးသလောက်ဆိုရင် သူ့အပေါ်ကို အမြင့်မားဆုံးသော အတိုင်းအတာမျိုးနဲ့ လေးစားရမှာကတော့ အသင်းရဲ့ကစားသမားတွေကို စီမံခန့်ခွဲနေမှုတွေပါပဲ။

အခုလက်ရှိအသင်း ကစားနေတဲ့ပုံ စံ၊ လုခ်ရှောက ထိပ်တန်းကစားသမားတစ်ယောက်ပြန်ဖြစ်လာခဲ့တာရောပေါ့။ အခုဆိုရင် သူ အင်္ဂလန်လက်ရွေး စင်အသင်းအတွက် ရွေးရမယ့်သူဖြစ်လာပြီ။ အဲရစ်ဘေလီ ပြောင်းလဲလာပုံကိုလည်း သဘောကျပါတယ်-လို့ အီ ယန်ရိုက်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း အီယန်ရိုက်က -တကယ်တော့ အာဆင်နယ်မှာ အဲဒီလိုစီမံခန့်ခွဲမှုမျိုးလိုအပ် နေတာဗျ။ ကျနော်တို့အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီး။

သူတို့ဆီက စွမ်းရည်တွေအ ကုန်လုံးထုတ်ကစားအောင် လှုံဆော်ပေးနိုင်မယ့်သူတစ်ယောက်ရှိရင် ကောင်းမယ်လို့တွေးမိတယ်။ အဲဒီလိုသာ ဆိုရင် ကျနော်တို့အသင်းက အခုအချိန်မှာကြုံတွေ့နေရတဲ့ နိမ့်ကျမှုမျိုးလည်းကြုံရမှာ မဟုတ်ဘူး-လို့ သူ့ရဲ့အမြင် ကို ပြောပြခဲ့ပါတယ်။

Leave a Comment

Your email address will not be published.