နည်းပြကြီးဖာဂူဆန်ရဲ့ “ရွှေရောင်စည်းမျည်း”ကို ချိုးဖောက်လို့ ကျရှုံးနေတဲ့ လီဗာပူး

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဆုဖလားက ိုဆွတ်ခူးပြီးတဲ့နောက လီဗာပူးလ်အသင်းဟာ အခုခုရာသီမှာ ဆုဖလားကိုဆက်လက်ရယူဖို့ မျှော်လင့်နေခဲ့ပေမယ့် တောက်ပတဲ့အတိတ်တွေအပြီးမှာသူတို့ရဲ့ အနာဂါတ်အောင်မြင်မှုကတော့ စိန်ခေါ်မှုတွေနဲ့အန္တရယ်တွေကြီးနေပါပြီု။

လီဗာပူးနည်းပြ ဂျာကန်ကလော့ပ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ စတုတ္ထမြောက်နည်းပြဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် အဲ့ဒီလိုဆက်ထိန်းထားနိုင်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ခုတွေ့နေရတဲ့ ရုန်းကန်မှုတွေက သက်သေခံနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ပထမဆုံးလိဂ်ဖလားကို ဆွတ်ခူးပြီးတဲ့နောက်မှာ သူတို့ရဲ့အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် သမိုင်းထဲမှာ အဲ့ဒီလို အောင်မြင်မှုကို ဆက်ထိန်းထားနိုင်တဲ့ နည်းပြက နည်းပြကြီးဖာဂူဆန်ပြီးရင် မော်ရင်ညိုနဲ့မန်စီးတီးနည်းပြဂွာဒီယိုလာတို့ပဲဖြစ်ပါတယ်။ခုပြောပြချင်တာက နည်းပြကြီးဖာဂူဆန်ရဲ့ ရွှေရောင်စည်းမျည်း(Golden Rule)အကြောင်းပါ.

ဖာဂူဆန် ဟာ ယူနိုက်တက်အသင်းနဲ့အတူဆယ်စုနှစ် နှစ်ခုကျော် သုံးခုနီးပါး အထိ နှစ်စဉ်နီးပါးအောင်မြင်မှုဆုဖလားပေါင်းများစွာရယူနိုင်ခဲ့တယ်ဆိုတာအားလုံးသိမှာပါ၊သူအောင်မြင်ရတဲ့အကြောင်းရင်းများစွာရှိပေမယ့် သူ့ရဲ့ GOLDEN RULEကတော့ “အောင်မြင်မှုတွေကိုမမေ့ပစ်ဖို့နဲ့ရွှေရောင်သမိုင်းတွေရေးထိုးဖို့”ပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာနည်းပြကြီးဖာဂူဆန်လက်အောက်မှာ ဆိုးရွားတဲ့အုပ်ချုပ်ရေးကိုကြုံခဲ့ရပြီး တခြားနာမည်ကြီး ဘောလုံးအသင်းတွေလိုသာမန်မဟုတ်တဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာကို ရိုက်ထည့်ခြင်းခံခဲ့ရပါတယ်၊ အဲ့ဒီလိုနည်းစနစ်ကြီးပြီးစိတ်ဓါတ်ပြင်းတဲ့ဖာဂူဆန်ကြောင့်နှစ်တိုင်းနီးပါးယူနိုက်တက်တို့ကအောင်မြင်မှုသမိုင်းတွေရေးထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် သမိုင်းဝင်သရဲနီစိတ်ဓါတ်ဆိုတာပေါပေါက်လာတာပဲဖြစ်ပါတယ်။ အဓိကပြောချင်တဲ့ ကလော့ချိုးဖောက်ခဲ့တဲ့ ရွှေရောင်စည်းမျည်းဆိုတာအဲ့ဒါပါပဲ။

လီဗာပူးနည်းပြကလော့ဟာ အကောင်းဆုံးအောင်မြင်မှုကိုလိုချင်တယ်ဆိုပေမယ့် နည်းပြကလော့ကိုယ်တိုင်က “သူတို့ရရှိထားတဲ့ဆုဖလားကိုထပ်ရရမယ်ဆိုတဲ့စိတ်မျိုးမရှိပဲ နောက်တစ်ဆင့်တက်လှမ်းရေးလောက်ကိုသာ”စိတ်ထဲထားခဲ့တာပါ။

ဒါကိုအချက်အလက်နဲ့ သက်သေပြရရင် သူဆုဖလားရခဲ့ပြီးနောက်မှာ နည်းပြကလော့ဟာ ကျွန်တော်အဲ့ဒါကိုမေ့ပစ်လိုက်တယ်ဆိုပြီးခုလိုပြောခဲ့ဖူးပါတယ်။ “ဆုဖလားအနိုင်ရတာဟာကျွန်တော့်အတွက်ဘာအဓိပ္ပာယ်မှမရှိပါဘူး။အဲ့ဒါကပြီးသွားပါပြီ”ဆိုပြီးပြောခဲ့တာပါ။

“အဲဒီအချိန်မှာဒါဟာအလွန်မြတ်နိုးတဲ့အရာပါ။ ပြီးရင်ချက်ချင်းပဲမေ့သွားတယ်။ မေ့သွားတယ်မဟုတ်ပေမယ့်အေးစက်သွားတယ်ပေါ့ဗျာ်။ နောက်တစ်ဆင့်တက်ဖို့ကအဓိကခြေလှမ်းမဟုတ်လား။”လို့ပြောခဲ့တာပါ။

နည်းပြကြီးဖာဂူဆန်ကတော့ သူ့ရဲ့ရွှေရောင်စည်းမျည်းဖြစ်တဲ့ ဆုဖလားတွေကိုမမေ့ပစ်နဲ့။ ဒါကရွှေရောင်သမိုင်းတွေ။ ရွှေရောင်သမိုင်းတွေတစ်ခုပြီးတစ်ခုရေးထိုးရမယ်”ဆိုတဲ့ ရွှေရောင်စည်းမျည်းကို ကလော့ကချိုးဖောက်ခဲ့တယ်လို့ဆိုရမှာပါ။အဲ့ဒါကချန်ပီယံလီဗာပူးဟာ ခုဘယ်အခြေအနေမှာရောက်နေလဲဆိုတာကြည့်ရင်ပဲသိနိုင်မှာဖြစ်ပါတယ်နော်.

Leave a Comment

Your email address will not be published.