လစ်ဗာပူးက အထူးသတိထားရမယ့် ကစားသမား ၃ယောက်ကို တပ်လှန့်လိုက်တဲ့ ဘရူနို

မနက်ဖြန်ညကန်မယ့်ပွဲကြပ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးပွဲစဉ်မှာ လီဗာပူးအသင်းက သတိထားရမယ့် ကစားသမား ၃ယောက်ကို ဘရူနိုဖာနန်ဒက်က ထုတ်ပြောလိုက်ပါတယ်။

သူက သူ့အသင်းသားတွေကို ဒီကစားသမားတွေကို လျော့မတွက်ပဲ အကောင်းဆုံးထိန်းချုပ်ကစားကြဖို့ သရဲနီတပ်သားတွေကို တပ်လှန့်လိုက်တာလည်းဖြစ်ပါတယ်။

လီဗာပူးတို့ဟာ ၅ပွဲဆက်တိုက်နိုင်ပွဲပျောက်ပြီး ချန်ပီယံအသင်းက ဘန်လေလိုအသင်းကို ရှုံးနိမ့်ခဲ့တာပါ။ဒါကြောင့် လီဗာပူးတို့ဟာ ယူနိုက်တက်နဲ့တွေ့မယ့်ပွဲမှာ ရေကုန်ရေခန်းကစားဖို့လည်းရှိနေတာပါ။ ဒါနဲ့ပက်သက်ပြီး ဘရူနိက

“ယူနိုက်တက်မှာ ကျွန်တော်အကောင်းဆုံးစွမ်းဆောင်နေသလိုပဲ။ အသင်းဖော်တွေက ကျွန်တော့်ဆီက ပေးပို့လာမယ့်ဖန်တီးလာမယ့် ဘောလုံးကိုမျှော်နေကြသလိုမျိုး။ ဒီကစားသမား ၃ယောက်က ဖန်တီးမှုရော အဆုံးသတ်ဂိုးအဖြစ်ရောအရမ်းကောင်းပါတယ်။

သူတို့က ဘန်လေကို ရှုံးတယ် ။ ဂိုးပေါက်ပျောက်တယ်ဆိုပြီး လျော့တွက်လိုက်ရင်မှားသွားလိမ့်မယ်။ သူတို့က ဂိုးရဖို့အမြဲကြိုးစားနေသူတွေ။ သူတို့ကစားပုံမကောင်းလို့မဟုတ်ပဲ တဖက်အသင်းက ပိုကောင်းသွားလို့ ရှုံးနေတာ ဂိုးမသွင်းနိုင်တာလို့ ကျွန်တော်ယူဆတယ်။

ဒါကြောင့် အသင်းဖော်တွေကို ဖာမီနို ဆာလက် မာနေးတို့ကို အထူးသတိထားရဖို့ ကျွန်တော်ပြောရတာပါ။ကဲပရိတ်သတ်ကြီးတို့ရော ဘရူနိပြောတာလက်ခံလား။ ဘယ်လိုထင်မြင်ကြလဲ

Leave a Comment

Your email address will not be published.