ဥရောပမှာဝင်ဆံရေးအတွက် စပိန်ကို ပြောင်းရွှေ့တော့မယ် မန်ယူလူငယ်ကြယ်ပွင့်

မန်ယူအသင်းဟာယခုနှစ်ဘောလုံးရာသီအစပိုင်းမှာ ဥရုကွေးကလပ်အင်ဒိပန်းနန့်အသင်းကနေပြောင်းရွှေ့ကြေးပေါင်ကိုးသန်းခဲ့ခေါ်ယူထားတဲ့လူငယ်ကြယ်ပွင့်ကစားသမားလေးပါယ်လီစတာရီကို ဥရောပအတွေ့အကြုံရစေဖို့အငှားချထားရန်စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။

ဘောလုံးအပြောင်းအရွှေ့ကျွမ်းကျင်သူဖာဇီယို ရိုမဲရိုးနဲ့ United People Tvနဲ့အင်တာဗျူးမှာ ရိုမဲရိုးက ပယ်လီစတာရီဟာ အခုဇန်နဝါရီမှာမန်ယူအသင်းကနေသေချာပေါက်ကိုထွက်ခွါတော့မှာဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

ဖာဇီယိုက ပယ်လီစတာရီရဲ့အေဂျင့် ပြောစကားအရဆိုရင်စပိန်ကိုသေချာပေါက်ပြောင်းရွှေ့မယ်လို့ဆိုပါတယ်။ဘာသာစကားအခက်အခဲကိုပြေလည်စေဖို့စပိန်ကိုပြောင်းရွှေ့ဖို့ရွေးချယ်ရတာဖြစ်ပြီးယူနိုက်တတ်အသင်းဟာ စပိန်ကလ်အသင်းနှစ်ခုနဲ့စကားပြောနေကြောင်းဆိုပါတယ်။

စပိန်လာလီဂါအသင်းနှစ်ခုပါ။မန်ယူက သူ့ကစားသမားအတွက်ပွဲထွက်အာမခံချက်တောင်းနေသလို အသက်၂၀အရွယ် ကစားသမားကို ပွဲထွက်အာမခံချက်ပေးဖို့အတွက် လာလီဂါအသင်းတွေ ဘက်ကလည်းအတိကျမပြောနိုင်တဲ့အခြေနေမျိုးမှာညှိနှိုင်းနေတာပါ။

ပယ်လီစတာရီရဲ့လစာ အချို့ကိုယူနိုက်တတ်ကအသင်းကဆက်လက်ပေးချေသွားမှာဖြစ်ပြီးကစားသမားအတွက်သေချာတဲ့ပွဲထွက်ခွင့်ကိုသာအလိုရှိနေတယ်လို့သိရပါတယါ။ခြောက်လအငှားစာချုပ်နဲ့အသင်းကနေထွက်ခွါမှာဖြစ်ပြီးအပြီးသတ်ဝယ်ယူခွင့်တော့ပါရှိမှာ မဟုတ်ကြောင်း သိရပါတယ်

လူငယ်ကစားသမားလေးကို စပိန်မှာ ဘဲသူအားနည်းနေတဲ့အဂ်လိပ်ဘာသာစကားကိုဆက်လက်လေ့လာစေပြီး ခြေစွမ်းအနေထားအရဆုံးဖြတ်မှာဖြစ်ကြောင်းသိရပါတယ်။ယူနိုက်တတ်အသင်းဟာ အဆိုပါအားနည်းနေတဲ့ ညာတောင်ပံနေရာကို အတ္တလန်တာအသင်းမှ လူငယ်ကြယ်ပွင့်လေး ဒီယာလိုရောက်ရှိလာပြီးနောက်ပိုင်းမှာ ပယ်လီစတာရီကို အခုလိုအတွေ့အကြုံရစေရန်အငှားချဖို့ဆုံးဖြတ်လိုက်တာပါ။

ပယ်လီစတာရီဟာ တောင်အမေရီကအဆင့်အမြင့်ဆုံးဖြစ်တဲ့ကိုပါလစ်ပါဒိုးဖလားပွဲတွေဝင်ရောက်ကစားခွင့်ရရှိခဲ့သည့်တိုင် ဥရောပအတွေ့အကြုံလိုအပ်နေသေးပြီးဘာသာစကားအခက်အခဲလည်းရှိနေကြောင်းသိရပါတယ်။လက်ရှိမန်ယူလူငယ်အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းလျှက်ရှိပြီး အသင်းကြီးမှာတော့အရန်စာရင်းမှာ သုံးကြိမ်ပါဝင်ခွင့်ရရှိထားသူပါ။

Leave a Comment

Your email address will not be published.