ပါ့ဘာရဲ့ ချီးကျူးစကားကို ပညာသားသားပါပါ တုံ့ပြန်လိုက်တဲ့ ကာဗာနီ

ဖူဟမ်းအသင်းကို အဝေးကွင်းမှာ အသင်းအတွက်အရေးကြီးတဲ့ချေပဂိုးသွင်းယူပေးခဲ့တဲ့ ကာဗာနီနဲ့ပက်သက်ပြီး မန်ယူတီဗီက ပေါ့ဘာကိုမေးမြန်းခဲ့ရာမှာပေါ့ဘာက ကာဗာနီဟာ မာရှယ် ရှက်စ်ဖို့ မေဆင်ဂရင်းဝုဒ်တို့နဲ့မတူပဲ အကောင်းဆုံးထိပ်တန်းတိုက်စစ်မှူးဖြစ်ပြီး မန်ယူက တိုက်စစ်သမားတွေမှာ ကာဗာနီလို အရည်အချင်းမရှိဘူးလို့ပြောကြားခဲ့ပါတယ်။

ပါ့ဘာရဲ့ပြောကြားချက်နဲ့ပက်သက်ပြီး ယူနိုက်တက်အဝတ်လဲခန်းထဲမှာ စည်းလုံးမှု ပြိုလဲမှာ စိတ်ခနိုးခနောင့်ဖြစ်မှာစိုးတဲ့ ကာဗာနီကတော့ ပေါ့ဘာပြောတာအလုံးစုံမမှန်ဘူးဆိုပြီး ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

မန်ယူအသင်းကို ယခုနှစ်ဘောလုံးရာသီအစမှာ ပြင်သစ်ကလပ်PSGအသင်းကနေပြောင်းရွှေ့ကြေးအလွတ်နဲ့ပြောင်းရွှေ့လာခဲ့တဲ့ဥရုကွေးတိုက်စစ်မှူးကာဗာနီဟာ မန်ယူအသင်းမှာ ၁၇ပွဲကစားပြီးချိန်မှာ အသင်းအတွက်အလွန်အရေးပါတဲ့ဂိုး၅ဂိုးသွင်းယူထားလို့ပရီတ်သတ်တွေရဲ့အချစ်တော်ကစားသမားဖြစ်လာသူပါ။

မန်ယူရဲ့ဂန္ဓဝင်ကျောနံပါတ် ၇ ကိုဝတ်ဆင်ထားတဲ့ ဥရုကွေးကြယ်ပွင့်ဟာမန်ယူကို စတင်ပြောင်းရွှေ့လာချိန်ကဝေဖန်မှုတွေကြုံတွေခဲ့ရသူပါ။ကာဗာနီဟာ အသက်၃၃နှစ်ရှိပြီဖြစ်တာကြောင့် လူငယ်ဦးစားပေးခေါ်ယူတဲ့ မန်ယူရဲ့မူဝါဒနဲ့ကွဲလွဲခဲ့သလို ဒဏ်ရာကြောင့် ဘောလုံးလောကနဲ့ ကာလအတန်ကြာဝေးကွာနေသူလည်းဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် ကာဗာနီဟာ သူ့ရဲ့တန်ဖိုးကိုထုတ်ပြနိုင်ခဲ့ပြီးမန်ယူတိုက်စစ်ကိုအသွင်ပြောင်းလဲစေခဲ့သလို သူရဲ့မတူညီတဲ့ကစားဟန်က မန်ယူအသင်းရဲ့တိုက်စစ်အခက်အခဲကို ကာလရှည်မဟုတ်ပေမယ့် ကာလာတိုကုစားနိုင်ခဲ့ပါတယ်။

ဒါကြောင့်ဆိုလ်းရှားနဲ့အတူ ပေါ့ဘာရဲ့ တခြားသူတွေကိုနှိုင်းယှဉ်ပြီးပြောတဲ့ ချီးကျူးစကားနဲ့ပက်သက်ပြီး”တကယ်တော့ ယူနိုက်တက်ရဲ့တိုက်စစ်မှူးလူငယ်တွေဟာ အလွန်ကို ထူးချွန်ပြီးကောင်းမွန်တဲ့ကစားသမားတွေပါ။ ပေါ်ပြောတာ အလုံးစုံမမှန်ဘူးဗျ။ ကျွန်တော့်က အကောင်းဆုံးအတော်ဆုံးမဟုတ်ဘူး၊ သူတို့ထက် အတွေ့အကြုံနဲ့တည်ငြိမ်မှု နဲနဲပိုရှိခဲ့တယ်ဆိုရမှာပါ။

ကျွန်တော်ကပွဲချိန်ပြည့် ၃ ၄ပွဲဆက်တိုက်အကောင်းဆုံးကစားနိုင်မှာမဟုတ်ဘူး။တိုက်စစ်မှူးတွေရဲ့အလုပ်ကတည်တည်ငြိမ်ငြိမ်နဲ့ဂိုးသါင်းဖို့ဘဲတိုက်စစ်မှူးအမျိုးမျိုးကမတူညီတဲ့ပုံစံတွေနဲ့သွင်းဂိုးတွေသွင်းယူကြတာပါ။

ကျွန်တော်ကတဖက်နောက်တန်းနဲ့ အဝေးဆုံးကို ခွါထားနိုင်ဖို့နဲ့ ကိုယ့်ကစားသမားကဘောလုံးကို ပေးနိင်မယ့်လမ်းကြောင်းကို ကြိုတင်တွက်ဆထားပြီးနောက်ခံလူက ဘယ်ကိုကြည့်နေလဲဆိုတာကို တွက်ဆပြီးနေရာယူမှုပြုလုပ်တာကျွန်တော်ရဲ့အားသာချက်တစ်ခုလို့ထင်ပါတယ်။ ဒီလောက်ပါပဲ”လို့ပြောကြားသွားခဲ့တာပါ။ ကဲပရိတ်သတ်ကြီးတို့ရေ ပေါ့ဘာကတော့ ကစားသမားကောင်းဖြစ်သလို လူကြီးလူကောင်းလည်းဆန်တယ်လို့မခံစားရဘူးလား”ကြည်နူးစရာပဲ မန်ဖန်တွေအလံလွှင့်ပေးခဲ့ကြဦးနော်.

Leave a Comment

Your email address will not be published.