ယနေ့ညပွဲစဉ်တွင်အဓိက ကစားသမားမပါနိုင်တော့သဖြင့် လီပါပူလ်းနည်းပြညည်းတွား

လီပါပူလ်းအသင်းနည်းပြကလော့ဟာအသင်းရဲ့အဓိက ကစားသမားတစ်ဦဒဏ်ရာရစာရင်းမှာထပ်မံတိုးလာလို့အလွန်စိတ်ဆင်းရဲနေကြောင်းပြောကြားလိုက်ပါတယ်။အဆိုပါကစားသမားကတော့ လီပါပူလ်းအသင်းခေါင်းဆောင်ဟန်ဒါဆန်ဖြစ်ပါတယ်။

အသက်သုံးဆယ်အရွယ်အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ လီပါပူလ်းအသင်းမှာစွယ်စုံရ ကစားသမားတစ်ဦးဖြစ်ပြီးအသင်းအတွက်အလွန်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

၎င်းဟာယခင်အပါတ်ကမန်ယူအသင်းကိုအိမ်ကွင်းမှာယှဉ်ပြိုင်ခဲ့တဲ့ပရီးယားလိဂ်ပွဲစဉ်မှအသင်းဖေါ်ဖာဘင်ဟိုနဲ့တွဲဖက်ပြီဗဟိုခံစစ်ကစားသမားအဖြစ်ကစားခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ကြားရက်မှာကစားခဲ့တဲ့ဘန်လေအသင်နဲ့ပွဲစဉ်မှာဟန်ဒါဆန်ဟာဒဏ်ရာရရှိခဲ့တာဖြစ်ပြီးယခုမန်ယူအသင်းနဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ရတာပါ။

ကလော့အနေနဲပအနည်းငယ်ကံကောင်းခဲ့တာကတော့ဒဏ်ရာကြောင့်အနားယူနေရတဲ့ဗဟိုနောက်ခံကစားသမား မာတစ်ဟာဒဏ်ရာမှအပြည့်အဝပြန်လာနိုင်ခဲ့ပြီဖြစ်လို့ယနေ့ညမှာ အသင်းလူစာရင်းမှာပြန်လည်ဝင်ရောက်ကစားနိုင်တော့မှာဖြစ်ပါတယ်။

ဟန်ဒါဆန်ရဲ့ဒဏ်ရာရရှိမှုနဲ့ပါတ်သတ်ပြီးကလော့က ကျွန်တော်တို့နဲဟန်ဒိုအတူပါမလာနိင်တော့ပါဘူး။သူဟာပြီးပြည့်စုံတဲ့ကစားသမားတော့မဟုတ်ပါဘူး။ဒါပေမယ် ကျွန်တော်တို့အသင်းအတွက်တော့ ယုံနိုင်လောက်အောင်ကို အရေးကြီးတဲ့ကစားသမားပါ။အခုသူမန်ချက်စတာကိုလိုက်မလာနိုင်တာ ကျွန်တော်တို့အတွက်အလွန်ကြီးမားတဲ့ထိုးနှက်ချက်ပါဟုပြောသွားခဲ့ပါတယ်။

ဟန်ဒါဆန်ဟာနောက်တန်းဒဏ်ရာပြသနာများကြောင့် အားနည်းနေတဲ့လီပါပူလ်းအသင်းတွက် ဗဟိုနောက်ခံကစားသမားနေရာကောကွင်းလယ်ကစားသမားနေရာကို ပါကစားပေးနိုင်တဲ့စွယ်စုံရကစားသမားတစ်ဦးဖြစ်ပြီးဒဏ်ရာမကြာခဏရရှိနေတဲ့ ဗဟိုနောက်ခံကစားသမားမာတစ်နေရာကိုအကောင်းဆုံးဖြည့်စွက်ကစားပေးနိုင်သူတစ်ဦးုဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.