လီဗာပူးနဲ့ကစားမယ့် ယူနိုက်တက် လူစာရင်းမှာ အံ့ဩဖွယ် လွဲချော်သွားတဲ့ ကစားသမား ၂ဦး

ဒိကနေ့ညကန်မယ့် FAဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးနဲ့ပွဲမှာ အံ့ဩစရာကောင်းလောက်အောင် လွဲချော်သွားတဲ့ ကစားသမား ၂ယောက်ရှိနေပါတယ်။

\

တစ်ယောက်ကတော့ မန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေ ဖူဟမ်နဲ့ပွဲစဉ်ကတည်းက မျှော်နေကြတဲ့ ကစားသမားဖြစ်ပြီး‌ နောက်တစ်ယာက်ကတော့ စိတ်ဖိစီးမှုတွေကြားက လီဗာပူးနဲ့ပွဲစဉ်မှာ သူကစားချင်ကြောင်းဖွင့်ဟထားတဲ့ ကစားသမားတစ်ဦးတို့ပဲဖြစ်ပါတယ်။

ဖူဟမ်နဲ့ပွဲစဉ်မှာထဲက ပရိတ်သတ်တွေမျှော်နေကြတဲ့ ကစားသမားကတော့ အာမက်ဒိုင်ယာလိုဖြစ်ပြီး မန်ယူအသင်းကထွက်ခွာတော့မယ်ဆိုပေမယ့် မန်ယူအသင်းအပေါ် သံယောဇဉ်ကြီးပြီးတွယ်ကပ်နေတဲ့လင်းဂက်တို့ပဲဖြစ်ပါတယ်။

လင်းဂက်ဟာ သူ့လက်ကျန်အချိန်လေးမှာ ယူနိုက်တက်နဲ့အတူ တိုက်ပွဲဝင်ချင်တယ်ပြောဆိုထားပေမယ့် ဆိုလ်းရှားရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကြောင့်မပါဝင်လာတာဖြစ်နိုင်ပါတယ်။ လင်းဂက်ဟာ ပရီးမီးယားလိဂ်လူစာရင်းမှာလည်း ချန်လှပ်ထားခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် နိုင်ငံတကာသတင်းတွေမှာ အသင်းကိုရောက်ရောက်ချင်း လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းပြနေတဲ့ လက်သစ်မက်ဆီလို့ပြောကြတဲ့ အာမက်ဒိုင်ယာလို မပါလာတာကတော့ ပရိသတ်တွေလည်းနားမလည်နိုင်ဖြစ်နေကြပါတယ်။

ဘာလို့လဲဆိုတော့ ဆိုလ်းရှားက ဒိုင်ယာလိုကို အိုးထရက်ဖို့ရောက်ရောက်ချင်းတည်းက မကြာခန ချီးကျုးခဲ့ပြီးတော့ အသင်းကြီးနဲ့အတူ ကစားခိုင်းဖို့ အစီအစဉ်ရှိတယ်လို့ ပြောထားဖူးတာတွေရှိနေတာပါ။

ဖူလ်ဟမ်နဲ့ကစားမယ့်ပွဲစဉ်မှာတည်းက ကစားသမားသစ် အာမက်ဒ်ဒိုင်ယာလို ပါဝင်လာနိုင်တယ်လို့ ယူနိုက်တက်ပရိသတ်တွေက မှတ်ယူခဲ့ကြပေမယ့် အဲ့ဒိတုန်းကလည်းမပါဝင်ခဲ့ပါဘူး။

ဒိုင်ယာလိုဟာ အီတလီကလပ် Atalanta အသင်းက ယူနိုက်တက်ကိုပေါင် ၃၇ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။Atalanta အသင်းကတော့ အသက် ၁၈ နှစ်အရွယ် လူငယ်တောင်ပံတိုက်စစ်မှူးကို ယခုရာသီကုန်အထိ အငှားချပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်က တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် အငှားမချပေးခဲ့ပါဘူး။

မကြာသေးခင်ရက်ကပဲ ပယ်လစ်စထရီကို ယူနိုက်တက်က အငှားချတော့မှာဖြစ်ပေမယ့် ဒိုင်ယာလိုကို အဲ့ဒီလို အစီအစဉ်လုံးဝမရှိပဲ စီနီယာအသင်းသားကြီးတွေကလည်းချီးကျုးနေကြတယ်လို့ သတင်းတွေကဖော့်ပြပြီး လီဗာပူးနဲ့ပွဲမှာပါလာနိုင်မှာဖြစ်တယ်လို့ ရေးသားခဲ့ကြတာတွေရှိနေပါတယ်။

လီဗာပူးလ်နှင့် ယှဉ်ပြိုင်ကစားမည့်ပွဲအတွက် Lowry Hotel သို့ ရောက်ရှိလာသော မန်ချက်စတာယူနိုက်တက်အသင်း လူစာရင်းမှာတော့ De Gea, Henderson, Grant, Wan-Bissaka, Maguire, Tuanzebe, Bailly, Lindelöf, Shaw, Telles,Fred, Matić, Pogba, McTominay, Mata, Van de Beek, James, Fernandes; Martial, Greenwood, Cavani, Rashford လင်ဒီလော့ဖ်လည်း အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီး အင်ပြည့်အားပြည့် လူစာရင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် ဆိုလ်းရှားရဲ့လီဗာပူးနဲ့ ရင်ဆိုင်မယ့်ပွဲမှာတော့ အာမက်က အံဩစရာကောင်းလောက်အောင်မပါလာခဲ့ပါဘူး၊ ဆိုလ်းရှားရဲ့ ဆုံးဖြတ်ချက် စဉ်းစားတွေးတောမှုကလည်း တစ်ခါတလေ မခန့်မှန်.တတ်အောင်ဖြစ်ရအကြောင်းတစ်ခုခုကြောင့်ချန်ထားခဲ့တာဖြစ်နိုင်ပါတယ်။ ဒီတော့ မန်ဖန်တွေရော ဒိုင်ယာလိုတစ်ယောက်ဘာကြောင့် လူစာရင်းမှာမပါလာတာလဲဆိုတာ သုံးသပ်ပေးသွားပါဦး

Leave a Comment

Your email address will not be published.