အဝတ်လဲခန်းထဲက စိတ်ရှုပ်ထွေးစရာကို ပထမဆုံးအကြိမ် ကြုံခဲ့ကြောင်း ဖွင့်ချလိုက်တဲ့ ဖာနန်ဒက်

ပါ်တူဂီကြယ်ပွင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်က သူယူနိုက်တက်မှာကစားနေစဉ်အတွင်း အဝတ်လဲခန်းထဲက စိတ်ရှုပ်ထွေးစိတ်ပျက်စရာ အဖြစ်အပျက်တစ်ခုအကြောင်းကို ဖွင့်ချလိုက်တာပါ။

ဘရူနိုဖာနန်ဒက်ဟာ ယူနိုက်တက်ကို ရောက်ရှိလာတည်းက အသင်းအတွက် ခြေစွမ်းပြကစားပြီး စွမ်းဆောင်ရည်အကောင်းဆုံး စိတ်ဓါတ်အပြင်းဆုံး နဲ့ ယူနိုက်တက်ကို ပေးဆပ်နေသူလည်းဖြစ်ပါတယ်။

သူဟာနိုင်လိုစိတ်ပြင်းပြတယ်။ ခြေကုန်ခြေပန်းကြိုးစားတယ်။ အသင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ ဦးဆောင်နိုင်စွမ်းပေးတဲ့အတွက် အသင်းသားတွေရော ယူနိုက်တက်ရော သူ့ရဲ့ပရိတ်သတ်တွေရောက သူ့ကိုချစ်ခင်လေးစားကြရသူပါ။

ဘရူနိုဖာနန်ဒက်ဟာ ဟယ်ရီမက်ဂွိုင်းယားဟာ အသင်းကို စိတ်ပိုင်းဆိုင်ရာအရ အဝတ်လဲခန်းထဲမှာ ပြောင်းလဲပေးနိုင်သူ ဦးဆောင်မှုပေးနိုင်သူလို့ သူယုံကြည်ထားတယ်လို့ဆိုပါတယ်။

အဝတ်လဲခန်းထဲက စိတ်ရှုပ်ထွေးစရာ စိတ်ပျက်စရာကတော့ ပြီးခဲ့တဲ့လက ယူနိုက်တက် လက်စတာပွဲ သရေနဲ့ပြီးဆုံးပြီးတဲ့နောက်
သူပထမဆုံးကြုံခဲ့ဖူးတယ်လို့သူက ယူနိုက်တက်တီဗီကိုပြောလိုက်တာပါ။

“လက်စတာပွဲပြီးတဲ့နောက် ကျွန်တော့်အတွက် ပထမဆုံးအကြိမ်အနေနဲ့ လုံးဝလုံးဝကို စိတ်ရှုပ်ထွေး စိတ်ပျက်စရာကောင်းတာကို အဝတ်လဲခန်းထဲမှာကြုံခဲ့တာပါ။ အသင်းသားတွေကလည်း စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။

ဒီအခြေအနေကို ကျွန်တော်မကြိုက်ဘူး။ ဒါကြောင့် ကျွန်တော်ထင်ခဲ့တယ်။ အသင်းဖော်တွေကို စိတ်ပိုင်းဆိုင်ရာ ပိုပြီး ခိုင်မာတောင့်တင်းလာအောင် အတတ်နိုင်ဆုံးကူညီမယ်လို့ပေါ့။ ကျွန်တော်တို့ အများကြီးတည်ဆောက်ရဦးမယ်”လို့ MUTVကိုဘရူနိုကပြောခဲ့တာပါ။

ယူနိုက်တက်ရဲ့ အဝတ်လဲခန်းနဲ့ပက်သက်ပြီး ပေါ့ဘာနဲ့ အသင်းသားတွေကြားအဆင်မပြေ ဖြစ်နေချိန်မှာလည်း သတင်းတွေထွက်ခဲ့ဖူးပေမယ့် ခုလို ဘရူနိုထုတ်ပြောတာကတော့ ဒါပထမဆုံးအကြိမ်ပါ။

အဲ့ဒီနောက်မှာတော့ ယူနိုက်တက်အသင်းသားတွေဟာ ပြောင်းလဲတိုးတက်လာခဲ့ပြီး ခုဆိုရင် ရာသီဝက် ဖလားကိုတောင်ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်.

Leave a Comment

Your email address will not be published.