အသင်းမှာဆက်နေခွင့်တောင်းခံခဲ့သော်လည်း လူစာရင်းမှာချန်လှပ်ခံလိုက်ရတဲ့မန်ယူအသင်းသား

မန်ယူအသင်းနဲ့စာချုပပ်သက်တမ်းတစ်နှစ်ထပ်မံတိုးထားတဲံ အဂ်လန်ကွင်းလယ်ကစားသမားဂျာစီလင်ဂတ်ဟာ မန်ယူအသင်ရဲ့ပရီးမီးယားလိဂ်ယှဉ်ပြိုင်မယ့်လူစာရင်းတင်သွင်းမှုမှာပါဝင်ခြင်းမရှိတော့ကြောင်း မန်ချက်စတာညနေခင်းသတင်းအရသိရပါတယ်။

လင်ဂတ်အစား အီတလီင်္စီးရီးအေကလပ်အသင်းအတ္တလန်တာမှာအသစ်ခေါ်ယူထာတဲ့အသက်၁၈နှစ်အရွယ်ကစားသမားလေးအာမက်ဒီယာလိုကို လူစာရင်းတင်သွင်းလိုက်ကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားတာပါ။

ဒီယာလိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ကိုရောက်လာခဲ့တာဖြစ်ပေမယ့် အခုဇန်နဝါရီမှ အသင်းနဲ့ပူးပေါင်းနိုင်ခဲ့တာဖြစ်ပြီး ပွဲထွက်ကစားခွင့်တော့မရသေးတာဖြစ်ပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားက ဒီယာလိုရဲ့ခြေစွမ်းကို သဘောကျနေပြီး မကြာခင်မှာ ပွဲထွက်ခွင့်ပေးဖွယ်ရှိနေပါတယ်။ လင်ဂတ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က စိတ်ဝင်စားနေပြီး အဲ့ထဲမှာ တော့တင်ဟမ်လည်း ပါဝင်နေပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာလည်း ကာရာဘောင်ဖလားမှာ ၂ ကြိမ် နဲ့ အက်ဖ်အေဖလားမှာ ၁ ကြိမ်သာပါဝင်ခွင့်ရရှိခဲ့ပါတယ်။ သတင်းအများစုကတော့ ယူနိုက်တက်ဟာ လင်ဂတ်ကို ပြီးခဲ့တဲ့နွေရာသီတုန်းက ရောင်းချဖို့ ပြင်ဆင်ခဲ့ပေမယ့် ကစားသမားက အသင်းမှာသာ ဆက်ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာညနေခင်းသတင်းဌာနကတော့ ရှက်ဖီးလ်အသင်းဟာ လင်ဂတ်ကို အငှားနဲ့ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရှက်ဖီးလ်ဟာ ဒီရာသီမှာ တန်းဆင်းဇုန်တိုက်ပွဲဆင်နွှဲနေရပြီး မဖြစ်မနေ တန်းတင်ကျန်ရစ်ဖို့ ကြိုးစားနေကာ လူအင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

ရှက်ဖီးလ်နည်းပြ ဝိုင်လ်ဒါကလည် လင်ဂတ်ဟာ ချန်ပီယံလိဂ်မှာတော့ ကမ္ဘာ့ဖလားမှာပါ အတွေ့အကြုံရှိထားတာကြောင့် ခေါ်ယူချင်နေတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း လင်ဂတ်ကို နယူးကာဆယ် နဲ့ တော့တင်ဟမ်တို့က ချိတ်ဆက်နေပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထားခေါ်ယူရဖွယ်ရှိနေပါတယ်။

Leave a Comment

Your email address will not be published.