ဖာနန်းဒက်ရဲ့ဖရီးကစ်ဂိုးကို အကူညီပေးခဲ့တဲ့လီပါပူလ်းကြယ်ပွင့် ကဘယ်သူလဲ

ယမန်နေ့ညက အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့တဲ့မန်ယူအသင်းနဲ့လီပါပူလ်းအသင်းတို့ရဲ့ပွဲစဉ်မှာဒုတိယပိုင်းတွင်နှစ်ဂိုးစီသရေကျနေချိန် လီပါပူလ်းအသင်း ဂိုးစည်းထိပ်မှာ ရရှိခဲ့တဲ့ပြစ်ဒဏ်ဘောကို ဘရူနိုဖာနန်ဒက်က တိုက်ရင်ကန်သွင်းယူပြီးလီပါပူလ်းအသင်းကိုပြိုင်ပွဲမှနှင်ထုတ်ခဲ့ပါတယ်။

လီပါပူလ်အသင်းဟာ အဆိုပါပြစ်ဒဏ်ဘောကို မန်ယူတိုက်စစ်မှူး ကာဗာနီရဲ့ထိုးဖေါက်မှုကိုတားဆီးရာမှ ပေးခဲ့ရတာဖြစ်ပြီးယင်းပြစ်ဒဏါဘောကို ပရီတ်သတ်အချစ်တော်ဖာနန်ဒက်က ကန်သွင်းယူခဲ့တာပါ။

ဖာနန်ဒက် ဖရီးကစ်ကန်သွင်းချိန်မှာ သူ့ကို အကူညီပေးခဲ့တဲ့လီပါပူလ်းကစားသမားတစ်ဦးကြောင့် ဂီုးသမားအလီဆွန်ဒုက္ခရောက်ခဲ့တာဖြစ်ကြောင်းThe Sun သတင်းကဖေါ်ပြလိုက်ပါတယ်။

အဆိုပါကစားသမားကတော့လီပါပူလ်းအသင်းကိုယခုနှစ်ဘောလုံးရာသီကမှပြောင်းရွှေ့လာတဲ့ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တရာဖြစ်ပါတယ်။ခါးသီးတဲ့မဟာပြိုင်ဘက်မန်ယူနှင့်ပွဲစဉ်မှာမန်ယူအသင်းအနိုင်ဂိုးရရှိရာမှာအဓိကနေရာက ပါဝင်မှုအတွက်သူ့ကိုလီဗာပူးပရိ သတ်တွေဘယ်တော့မှမေ့နေတော့မှာမဟုတ်တော့ပါဘူး။

စပိန်ကွင်းလယ်ကစားသမားဟာဖာနန်ဒက်စ်ရဲ့ဖရီးကစ်ကိုငုံ့ရှောင်ပေးခဲ့မှုကြောင့်ဘောလုံးကထောင့်ကျဉ်းထဲသို့ ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်းဟာနွေရာသီတုန်းကဘိုင်ယန်မြူးနစ်ကနေရောက်လာတုန်းကယခုနွေရာသီရဲ့အကောင်းဆုံးခေါ်ယူမှုထဲကတစ်ခုဖြစ်လာမယ်လို့အားလုံးရဲ့ယူဆခြင်းခံခဲ့ရသူပါ။

ဒါပေမယ့်သူရောက်လာတဲ့လေးလမှာလီဗာပူးမှာထင်မှတ်ထားသလိုအကောင်းဆုံးမကြုံရပါဘူး။သူဟာဒဏ်ရာကြောင့်အနားယူခဲ့ရသလိုကိုဗစ်ကြောင့်လည်းနားခဲ့ရပါသေးတယ်။
ပိုပြီးတော့အံ့ဩစရာကောင်းတာကတော့တီယာဂိုပွဲထွက်ကစားတဲ့လီဗာပူးပွဲ တစ်ပွဲမျှအနိုင်မရသေးတာဖြစ်ပါ တယ်။

ဒါကြောင့်လည်းလီဗာပူးကစားသမားဟောင်းဒိုင်တာဟာမန်းကစပိန်ကွင်းလယ်လူကြောင့်လီဗာပူးကပိုမကောင်း လာဘဲပိုဆိုးလာကြောင်းဆိုထားပါတယ်။

ဖာနန်းဒက်ရဲ့ဖရီးကစ်ဂိုးကို အကူညီပေးခဲ့တဲ့လီပါပူလ်းကြယ်ပွင့် ကဘယ်သူလဲ

ယမန်နေ့ညက အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့တဲ့မန်ယူအသင်းနဲ့လီပါပူလ်းအသင်းတို့ရဲ့ပွဲစဉ်မှာဒုတိယပိုင်းတွင်နှစ်ဂိုးစီသရေကျနေချိန် လီပါပူလ်းအသင်း ဂိုးစည်းထိပ်မှာ ရရှိခဲ့တဲ့ပြစ်ဒဏ်ဘောကို ဘရူနိုဖာနန်ဒက်က တိုက်ရင်ကန်သွင်းယူပြီးလီပါပူလ်းအသင်းကိုပြိုင်ပွဲမှနှင်ထုတ်ခဲ့ပါတယ်။

လီပါပူလ်အသင်းဟာ အဆိုပါပြစ်ဒဏ်ဘောကို မန်ယူတိုက်စစ်မှူး ကာဗာနီရဲ့ထိုးဖေါက်မှုကိုတားဆီးရာမှ ပေးခဲ့ရတာဖြစ်ပြီးယင်းပြစ်ဒဏါဘောကို ပရီတ်သတ်အချစ်တော်ဖာနန်ဒက်က ကန်သွင်းယူခဲ့တာပါ။

ဖာနန်ဒက် ဖရီးကစ်ကန်သွင်းချိန်မှာ သူ့ကို အကူညီပေးခဲ့တဲ့လီပါပူလ်းကစားသမားတစ်ဦးကြောင့် ဂီုးသမားအလီဆွန်ဒုက္ခရောက်ခဲ့တာဖြစ်ကြောင်းThe Sun သတင်းကဖေါ်ပြလိုက်ပါတယ်။

အဆိုပါကစားသမားကတော့လီပါပူလ်းအသင်းကိုယခုနှစ်ဘောလုံးရာသီကမှပြောင်းရွှေ့လာတဲ့ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တရာဖြစ်ပါတယ်။ခါးသီးတဲ့မဟာပြိုင်ဘက်မန်ယူနှင့်ပွဲစဉ်မှာမန်ယူအသင်းအနိုင်ဂိုးရရှိရာမှာအဓိကနေရာက ပါဝင်မှုအတွက်သူ့ကိုလီဗာပူးပရိ သတ်တွေဘယ်တော့မှမေ့နေတော့မှာမဟုတ်တော့ပါဘူး။

စပိန်ကွင်းလယ်ကစားသမားဟာဖာနန်ဒက်စ်ရဲ့ဖရီးကစ်ကိုငုံ့ရှောင်ပေးခဲ့မှုကြောင့်ဘောလုံးကထောင့်ကျဉ်းထဲသို့ ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်းဟာနွေရာသီတုန်းကဘိုင်ယန်မြူးနစ်ကနေရောက်လာတုန်းကယခုနွေရာသီရဲ့အကောင်းဆုံးခေါ်ယူမှုထဲကတစ်ခုဖြစ်လာမယ်လို့အားလုံးရဲ့ယူဆခြင်းခံခဲ့ရသူပါ။

ဒါပေမယ့်သူရောက်လာတဲ့လေးလမှာလီဗာပူးမှာထင်မှတ်ထားသလိုအကောင်းဆုံးမကြုံရပါဘူး။သူဟာဒဏ်ရာကြောင့်အနားယူခဲ့ရသလိုကိုဗစ်ကြောင့်လည်းနားခဲ့ရပါသေးတယ်။ပိုပြီးတော့အံ့ဩစရာကောင်းတာကတော့တီယာဂိုပွဲထွက်ကစားတဲ့လီဗာပူးပွဲ တစ်ပွဲမျှအနိုင်မရသေးတာဖြစ်ပါ တယ်။

ဒါကြောင့်လည်းလီဗာပူးကစားသမားဟောင်းဒိုင်တာဟာမန်းကစပိန်ကွင်းလယ်လူကြောင့်လီဗာပူးကပိုမကောင်း လာဘဲပိုဆိုးလာကြောင်းဆိုထားပါတယ်။

Leave a Comment

Your email address will not be published.