သရဲနီတို့ခရင်းခွအောက်မှာ ကြိုးကြာတို့လည်စင်းပေးလိုက်ရတဲ့ နိုင်ပွဲ နှင့်သုံးသပ်ချက်များ

မန်ချက်စတာယူနိက်တက်ဟာ FA ဖလား ပွဲစဉ်အဖြစ် လီဗာပူးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့စ် မှာ လက်ခံကစားခဲ့ရာမှာ 3-2 ဖြင့် အနိုင်ရပြီး အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်…

ယူနိက်တက်ဟာ ယခုပွဲမှာ အဓိက ကစားသမားတွေ နဲ့ ပွဲထွက်လာခဲ့ပြီး ဘရူနို ဖာနန်ဒက် နဲ့ မာရှယ် ကို သာ အနားပေးခဲ့ပြီး လူစုံထွက်လာကာ ၄-၂-၃-၁ ကစားကွက်ဖြင့် ကစားခဲ့ပါတယ်…

ပွဲစတာနဲ့ ဘဲ နှစ်သင်းလုံးဟာ အပြန်အလှန်တိုက်စစ်ဆင်နေခဲ့ပြီး ပွဲချိန် ၁၈မိနစ်မှာ လီဗာပူးစ် မှ မိုဟာမက် ဆာလက်က ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်..အဲ့ဒီနောက်မှာ ယူနိက်တက်မှ ဂရင်းဝုဒ်နဲ့ ရတ်ဖို့စ်တို့ အပိုင်အခွင့်အရေးနှစ်ကြိမ်စီဖြုန်းပစ်ခဲ့ကျပြီး နောက် ၂၆ မိနစ်မှာ ရတ်ဖို့ရဲ့ Long Pass ပေးပို့မှုမှတဆင့် ဂရင်းဝုဒ်က ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပါတယ်…

ပထမပိုင်း မှာတော့ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း စပြီး 48 မိနစ်မှာ ရတ်ဖို့စ်က ဒုတိယဂိုးကိုသွင်ခဲ့ပြီး နောက်ထပ်ချေပဂိုးကို မက်ကွိင်းယားတို့ နောက်တန်း အားနည်းမှုမှတဆင့် ဆာလက် က 58 မိနစ်မှာ ဒုတိယချေပဂိုးကို သွင်းယူခဲ့ပါတယ်….

မိနစ် ၆၀ ကျော် ဘရူနို ဖာနန်ဒက် လူစားဝင်လာပြီးနောက်ပိုင်းမှာ ကွင်းလယ်ဟာပိုမိုတည်ငြိမ်လာပြီး တတိယမြောက်နိုင်ဂိုးကို တော့ ပြစ်ဒဏ်ဘောမှတဆင့် ဘရူနိုဖာနန်ဒက် လှပစွာ ကန်သွင်းယူခဲ့ပါတယ်….တပွဲလုံးအနေထားရဆို လီဗာပူးဘက်မှ ဘောလုံးပိုင်ဆိုင်မှု တိုက်စစ်အသာနဲ့ ဖြစ်ခဲ့သော်လည်း အပိုင်အခွင့်ရေးတွေနဲ့ တန်ပြန်တိုက်စစ်ကနေ ယူနိက်တက်တို့ အနိုင်ရခဲ့ပါတယ်….

FBV SPort News

Leave a Comment

Your email address will not be published.