ယူနိုက်တက်က ကန်ထုတ်လိုက်ပြီဖြစ်တဲ့ တချိန်က ပရိတ်သတ် အချစ်တော် ကစားသမား

ယူနိုက်တက် အသင်းရဲ့ တစ်ချိန်က နာမည်ကြီးတွေထဲက တစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ဦးကိုတော့ ယူနိုက်တက်အသင်းက အဌားချလိုက်ပြီဖြစ်ပါတယ်။

ဒီကစားသမားဟာ အချိန်အတော်ကြာပွဲထွက်ခွင့်ဆုံးရှုံးနေခဲ့ပြီး တချိန်က “စူပါလင်းဂက်”ဆိုပြီး နာမည်ကြီးခဲ့သူလည်းဖြစ်ပါတယ်။လင်းဂက်နဲ့ပက်သက်ပြီး တလောက ဘာဘာတော့ကလည်း အသင်းကထွက်သွားချိန်တန်ပြီလို့ ပြောခဲ့ပါသေးတယ်

ဒါဆပေမယ့် နည်းပြ အိုလေကတော့” သူကငယ်မွေးခြံပေါက်ပါ။ သူအကောင်းဆုံးကစားခဲ့တာတွေကို ကျွန်တော်မှတ်မိနေပါသေးတယ်။ ဒါပေမယ့် ခုချိန်ထိ ကောင်းမွန်မှုတွေက ပျောက်ဆုံးနေပြီး သူ့အတွက်မှန်ကန်တဲ့နေရာရှာမရဘူးဖြစ်နေတယ်။

ဒါကြောင့် သူ့ကို အပြီးရောင်းဖို့ ကမ်းလှမ်းပေမယ့် အဌားချဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ သူ့ကိုစောင့်ကြည့်ချင်သေးတယ်”လက်ရှိမှာ လင်းဂက်ကို ယူနိုက်တက်က ဝက်ဟမ်’အသင်းကို အဌားချလိုက်တာဖြစ်ပြီး ဝက်ဟမ်အသင်းက အပြီးသတ်ရောင်းချစေလိုပေမယ့် ယူနိုက်တက်က မရောင်းဘူးလို့သိရပါတယ်.






Leave a Comment

Your email address will not be published.