လေ့ကျင့်ရေးကွင်းကနေဆိုးရှာနှင်ထုတ်နေရတဲ့ကစားသမားငါးဦးအကြောင်းပြောပြလာတဲ့ဖာနန်ဒက်

မန်ယူအသင်းပရီတ်သတ်တွေရဲ့အချစ်တော် ပေါ်တူဂီကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီပါပူလ်းအသင်နဲ့FAဖလားပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ဝင်ရောက်ကစားခဲ့ပြီးအသင်းအတွက်အနိုင်ဂိုးကို ပြစ်ဒဏ်ဘောမှတဆင့် လှလှပပကန်သွင်းယူခဲ့သူပါ။

ဖာနန်ဒက်ဟာ သူ့အပေါ်အသင်းကြီးတွေနဲ့တွေ့ရင်ခြေစွမ်းမပြနိင်ဘူးဆိုတဲ့ဝေဖန်ချက်တွေကို လက်တွေ့ကွင်းထဲမှာတုန့်ပြန်ပြလိုက်ပြီးမန်ယူကို နောက်တဆင့်တတ်ရောက်စေခဲ့ပါပြီ။

အဆိုပါပွဲစဉ်အပြီးဖာနန်ဒက်ကို MUTVကအင်တာဗျူးမေးမြန်းခဲ့ရာမှာတော့ ဖာနန်ဒက်က ယင်းဂိုးအတွက်အသင်းရဲ့လေ့ကျင်ခန်းအစီအစဉ်တွေမှာအကြိမ်ကြိမ်လေ့ကျင့်ခဲ့ကြောင်း ပြန်လည်ဖြေကြားပြီးမန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကအဖြစ်အပျက်တွေကိုဖေါ်ကောင်လုပ်ခဲ့ပါတယ်။

ဖာနန်ဒက်ကကျွန်တော်နေ့တိုင်းလိုလိုလေ့ကျင့်ရေးမှာ အချိန်ပိုဆင်းပြီးလေ့ကျင့်နေတာပါ။တည်ကန်ဘောတွေကိုအမြဲလေ့ကျင့်နေတာကျွန်တေ်ာရဲ့တည်ကန်ဘောတွေကို မာတာစီကနေကျွန်တေ်ာလေ့လာတာပါ။မာတာဟာ တကယ့်ကို ထူးချွန်သူကြီးပါ။လေ့ကျင့်ရေးအစီအစဉ်တွေပြီးတိုင်းကျွန်တော်ရယ်၊မာတာ၊ရက်ဖိုစ့်၊အဲလက်တဲလ်နဲ့ ဖရက်တို့ကသီးခြားလေ့ကျင့်မှုတွေနဲ့တည်ကန်ဘောတွေ ထပ်မံလေ့ကျင့်နေကြ
ပါ။

ကျွန်တော်တို့အဖွဲ့ လေ့ကျင့်ရေးကွင်းမှာအချိန်ကြာလွန်းလို့တခါတလေဆိုနည်းပြဆိုးရှားက အိမ်ပြန်ပြီးအနားယူကြဖို့ လာလာမောင်းထုတ်နေကြပါ။ဒီုတည်က်ဘောတွေကို အကောင်းဆုံးကန်နိုင်တာ အဲလက်တဲလ်နဲ့ မာတာတို့လည်းရှိပါသေးတယ်။ဒီပွဲစဉ်မှာတော့ သူတို့နှစ်ယောက်က အရန်ခုံပေါ်မှာ မို့လို့ကျွန်တော် ကန်ခွင့် သေချာပေါက်ရှိခဲ့တာပါ။

ပုံမှန်ဆိုရင်တော့ အနည်းငယ်ဝေးတဲ့ တည်ကန်ဘောတွေကို ရက်ဖိုစ့်ကကန်နေကျဖြစ်ပြီးအခုနောက်ပိုင်းရှောက ကန်တာများပါတယ်။အခုတည်ကန်ဘောနေရာကတော့ ကျွန်တေ်ာအားအသာဆုံးနေရာဖြစ်ပြီးကံကောင်းစွာဘဲလှပတဲ့ဂိုးတစ်ဂိုးကို ခင်ဗျားတို့မြင်ခဲ့ရတာပါ။အဓိကတော့ လေ့ကျင့်ရေးကွင်းကရလာဒ်တွေပါဘဲဟုပြောသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ၂၀၁၃ခုနှစ်နောက်ပိုင်းဂန္ဓဝင်နည်းပြကြီးဖာဂူဆန်နှုတ်ထွက်သွားပြီးနောက်ပိုင်း ပထမဆုံးအကြိအဖြစ်ပရီးမီးယားလိဂ်ဖလားရရှိနိုင်ဖို့အနေထားမျိုးရှိနေပြီး။အမှတ်ဇယားထိပ်ဆုံးမှာ ရပ်တည်ထားနိုင်သလိုအခုလည်း FAဖလားပွဲစဉ်မှာ ပြိုင်ဘက်လီပါပူလ်းအသင်းကို ဖြုတ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.