အီဂါလိုအပြင် ကစားသမားကစားသမားငါးဦးထပ်မံထွက်ခွါဦးမည့်မန်ယူအသင်း

မန်ယူအသင်းထံအငှားလာရောက်ကစားနေသောနိုက်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးအီဂါလိုဟာ မန်ယူအသင်းကနေတရားဝင်ထွက်ခွါသွားခဲ့ပြီဖြစ်ပါတယ်။အီဂါလိဟာမိခင်တရုတ်ကလပ်အသင်းကိုပြန်လည်ပြောင်းရွေ့ဖို့မရှိသေးဘဲဥရောပ မှာဘဲဆက်လက်ရှိနေဦးမှာဖြစ်ကြောင်းသိရပြီးလက်ရှိအချိန်ထိ တရာဝင်ပြောင်းရွေ့မယ့်အသင်းတော့ရှိသေးပါဘူး။

အလားတူဘဲမန်ယူအသင်းဟာအခုနွေရာသီဈေးကွက်မှာအသင်းကနေ နောက်ထပ်ကစားသမားငါးဦးကိုထပ်မံထွက်ခွါခွင့်ပေးဦးမှာဖြစ်ပါတယ်။ထိုအထဲကနှစ်ဦးကတော့အနာဂါတ်အတွက် အငှားထွက်ကစားစေဖို့ဖြစ်ပြီးသုံးဦးကတော့အပြီးအပြတ်ရောင်းချမှာဖြစ်ပါတယ်။

မန်ယူအသင်းကနေအငှားချမယ့်ကစားသမားတွေကတော့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ပယ်လီစတာရီနဲ့နောက်ခံကစားသမားဘရန်ဒန်ဝီလီယံတို့ဖြစ်ကြပါတယ်။အဆိုပါကစားသမားနှစ်ဦၤးလုံးဟာမန်ယူအသင်းရဲ့အနာဂါတ်စီမံကိန်းထဲမှာပါဝင်သူတွေဖြစ်ကျလို့ ပွဲထွက် ကစားခွင့် သေချာမယ့်အသင်းတွေစီကို ညှိနှိုင်းပြီးအငှားချဖို့စီစဉ်နေတာပါ။

အပြီးသတ်ထွက်ခွါမယ့်ကစားသမားတွေကတော့ အာကျင်တီးနားခံစစ်မှူးရိုဂျို၊ဂိုးသမားရိုမဲရိုးနဲ့လင်ဂတ်တို့ဖြစ်ကြပါတယ်ရိုမဲရိုးနဲ့ရိုဂျိုတို့ဟာစာချုပ်နောက်ဆုံးအချိန်တွေကိုရောက်ရှိနေတာကြောင့် အခုမထွက်ခွါဖြစ်လည်းလာမယ့်နွေရာသီမှာအသင်းကနေအလွတ်ထွက်ခွါသွားကြတော့မှာပါ။အဆိုပါကစားသမားတွေကို အသင်းကနေ စာချုပ်သက်တမ်းမတိုးေတော့ဘူးလို့နည်းပြဆိုးရှားကိုယ်တိုင်ကပြောကြားထားပြီးသားဖြစ်ပါတယ်။

နောက်ထပ် ထပ်မံထွက်ခွါမယ့်ကစားသမားတစ်ဦးဖြစ်တဲ့ကွင်းလယ်ကစားသမားလင်ဂါတ်ကတော့မန်ယူအသင်းရဲလူစာရင်းကနေထုတ်ပယ်ခံထားရပြီးဖြစ်သလိုအသင်းကလည်းကစားသမားကို အပြတ်ရောင်းချချင်နေပေမယ့် ဝယ်ယူမယ့်အသင်းမရှိတာကြောင့် အငှားချသွားဖို့စီစဉ်နေတာပါ။

မန်ယူအသင်းဟာ ကိုရိုနာဗိုင်းရပ်ပြသနာကြောင့် စီးပွားရေးကျဆင်းမှုများကို ကာမိစေရန်အသင်းမှာပိုရှံနေတဲ့ကစားသမားတွေကို အရင်ရှင်းထုတ်ပြီးကစားသမားစာရင်းကို ပိုမိုကျစ်လစ်လာစေရန်တည်ဆောက်နေတာဖြစ်ပါတယ်။အခုဇန်နဝါရီဈေးကွက်မှာ မန်ယူအသင်းဟာ စုစုပေါင်း ကစားသမားခြောက်ဦးအထိအသင်းကနေ ထွက်ခွါတော့မှာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.