မေဆင်ဂရင်းဝုဒ် ပြောပြတဲ့ သူ့ဆရာရဲ့အံ့သြစရာအရည်အချင်းတွေ

မန်ယူလူငယ်တိုက်စစ်မှူးလေး မေဆင်ဂရင်းဝုဒ်က သူကြည့်ခဲ့ဖူးသမျှ တိုက်စစ်မှူးတွေထဲမှာ မိမိအသင်း ဖော် အက်ဒီဆင်ကာဗန်နီလိုမျိုး လှုပ်ရှားတတ်တဲ့သူမျိုး တစ်ခါမှမတွေ့ဖူးဘူးလို့ မန်ချက်စတာညနေခင်းသတင်း စာထံ ပြောပြလာခဲ့ပါတယ်။

ဝါရင့်ဥရုဂွေးတိုက်စစ်မှူးဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူတိုက်စစ်ကို အပြောင်းအ လဲတွေပြုလုပ်ဖန်တီးပေးခဲ့ပြီး လူစားဝင်အပါအဝင် (၁၈)ပွဲကစားခဲ့ကာ ငါးဂိုးသွင်းယူပေးထားသလို ဂိုးဖန်တီးမှုအ ချို့ကိုလည်း သူ့ရဲ့ ဝါသမ္ဘာကိုသုံးပြီး ပြုလုပ်ပေးထားခဲ့ပြီးပါပြီ။

ကာဗန်နီဟာ ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာ မန်ယူထံ အလွတ်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး (၃၃)နှစ်သား ဟာ အခုဆိုရင် မန်ယူမှာ နံပါတ်(၉)တိုက်စစ်မှူးစစ်စစ်ဆိုတဲ့ ပြယုဂ်တစ်ခုကို သူ့ရဲ့ကြံ့ခိုင်မှုဦးစားပေးသော၊ အ သင်းက တခြားတိုက်စစ်မှူးတွေနဲ့ ကွဲပြားခြားနားသော ကစားပုံမျိုးနဲ့ စိုက်ထူထားခဲ့ပြီးဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ အိုးလ်ထရက်ဖို့ဒ်ကလပ်မှာ ရှိနေခိုက် စီနီယာကြီးဆီကနေ သင်ယူလျက်ရှိနေကာ သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် အံ့ သြမင်သက်နေရပါတယ်တဲ့။

ကျနော့အဖို့တော့ သူ့ရဲ့လှုပ်ရှားမှုတွေက အဓိကလို့ထင်ပါတယ်။ တိုက်စစ်မှူးတစ်ယောက်က အဲဒီလို လှုပ်ရှားမှုတွေအများကြီးလုပ်တာ တစ်ခါမှမတွေ့ဖူးဘူး။

ပွဲတစ်ပွဲထဲမှာ တူညီတဲ့လှုပ်ရှားမှုကို ခြောက်ခါ၊ ခုနစ်ခါ လောက်လုပ်တယ်။ ဆောက်သမ်တန်နဲ့ပွဲက ဂိုးလိုမျိုးပေါ့။ အဲဒါမျိုးကို လေ့ကျင့်ရေးကွင်းမှာ အမြဲတမ်းလုပ်နေ ကြ။

တူညီတဲ့လှုပ်ရှားမှုနှစ်ခုကနေ နှစ်ဂိုးသွင်းခဲ့တယ်။ ကိုယ့်အသင်းမှာ ပညာမှတ်သားနာယူလို့ရတဲ့ ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်ရှိနေတာ ကောင်းပါတယ်။ သူက ထိပ်တန်းတိုက်စစ်မှူးဆိုတာကို ရောက်လာထဲကိုက ပြောလို့ရတယ်ဗျ။

သူလုပ်ပြတာတွေ၊ သူ့ကိုယ်သူ မိတ်ဆက်တဲ့ပုံစံ၊ လေ့ကျင့်ခန်းဆင်းတဲ့ပုံစံ၊ ဘောလုံးသမား တစ်ယောက်အနေနဲ့ အရာရာကို သူက မှန်မှန်ကန်ကန်ပဲ လုပ်တတ်တာလို့ မေဆင်ဂရင်းဝုဒ်က အသင်းဖော် ကာဗန်နီအပေါ် လေးစားမှုတွေကို ပြောပြခဲ့ပါတယ်။

Leave a Comment

Your email address will not be published.