ရာသီကုန်ရင်မန်ယူရဲ့အနေထားကလီပါပူလ်းရဲ့အောက်မှာဘဲလို့ပြောလိုက်တဲ့လီပါပူလ်းကြယ်ပွင့်ဟောင်း

လီပါပူလ်းအသင်းနဲ့အဂ်လန်လက်ရွေးစင်တိုက်စစ်မှူး ပီတာခရောစ့် မန်ယူအသင်း ရှဖီးယူနိုက်တတ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်ရင်းထိုသို့ပြောသွားခဲ့တာပါ။

ပီတာခရော့ချ်က ကျွန်တော့်အနေနဲ့ လီပါပူလ်းဟာ ရလာဒ်ဆိုးရွားနေချိန်မှာတောင် ချန်ပီယံဆုကို ဆက်လက် သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ မနေ့ညက ရီယို ဖာဒီနန် နဲ့တောင် အနည်းငယ် ငြင်းခုံခဲ့ပါသေးတယ်။

ကျွန်တော်ကတော့ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ လီဗာပူးက ယူနိုက်တက်ရဲ့ အထက်ကို ရောက်နေမယ်လို့ ထင်ပါတယ်။ သူတို့က ချန်ပီယံ ပြေးလမ်းပေါ်မှာ ရှိနေဆဲပါ။ ဟု ပြောဆိုခဲ့ပါတယ်။

သူတို့မှာ ကစားသမားကောင်းတွေ ရှိပါတယ် ။ မနေ့ညက ဟန်ဒါဆန် ဗဟိုခံစစ်နေရာ ဆင်းကစားတာ အရမ်းကောင်းမွန်ပါတယ် ။ လီဗာပူးအနေနဲ့ ဗဟိုခံစစ်နေရာအတွက် ရုန်းကန်ခဲ့ရတာ မှန်ပါတယ်။

ဒါပေမယ့် တိုက်စစ်ပိုင်းမှာ အရည်အသွေး ပြည့်ဝတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့အတွက် ရလာဒ်ကောင်းတွေရရှိအောင် ကစားနိုင်ပါတယ် ။

အန်ဖီး ကစားသမားဟောင်း ပီတာခရော့ချ်က လီဗာပူးအသင်းအနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထားမှာ ရှိနေသေးပြီး ရာသီကုန်ဆုံးချိန်မှာ ယူနိုက်တက်ရဲ့ အထက်ကို ရောက်ရှိနေလိမ့်မယ်လို့ ခုခံပြောကြားခဲ့ပါတယ်။

လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စပါးအသင်းကို ( ၃ -၁ ) ရလာဒ်နဲ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်က ကြားရက်ပွဲစဉ်မှာ ရှက်ဖီးယူနိုက်တက်ကို ( ၂ -၁ ) ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇဘား အဆင့် ( ၁ ) နေရာကို ပြန်လည်သိမ်းပိုက်နိုင်မယ့် အခွင့်အရေးကို လက်လွတ်ခဲ့ရတာ ဖြစ်ပါတယ်။

ခ‌ရော့ချ်က အိုလေ ဂန်နား ဆိုးရှားအနေနဲ့ ကာလရှည် ပြိုင်ပွဲမှာ ယာဂန် ကလော့ရဲ့ အသင်းကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း ‌ြပောဆိုခဲ့ပြီး လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်အနည်းငယ်မှာ ရုန်းကန်ခဲ့ရပေမယ့် ( ၂ ) ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.