အာမက်ဒိုင်ယာလိုအတွက် ယူနိုက်တက်က ဆုံးဖြတ်ချက်အသစ်ချမှတ်လိုက်ပြန်

ယခုဇန်နဝါရီလအတွင်းမှာ ယူနိုက်တက် အသင်းထံရောက်ရှိလာတဲ့ တောင်ပံကစားသမား ဒီယာလိုကိုတော့ ယူနိုက်တက်အသင်းကဆုံးဖြတ်ချက်အသစ်တစ်ခုချမှတ်လိုက်ပြန်ပါတယ်

ဆိုလ်းရှားက ဒိုင်ယာလိုကို အိုးထရက်ဖို့ရောက်ရောက်ချင်းတည်းက မကြာခန ချီးကျုးခဲ့ပြီးတော့ အသင်းကြီးနဲ့အတူ ကစားခိုင်းဖို့ အစီအစဉ်ရှိတယ်လို့ ပြောထားဖူးတာတွေရှိနေတာပါ။

ဖူလ်ဟမ်နဲ့ကစားမယ့်ပွဲစဉ်မှာတည်းက ကစားသမားသစ် အာမက်ဒ်ဒိုင်ယာလို ပါဝင်လာနိုင်တယ်လို့ ယူနိုက်တက်ပရိသတ်တွေက မှတ်ယူခဲ့ကြပေမယ့် အဲ့ဒိတုန်းကလည်းမပါဝင်ခဲ့ပါဘူး။

ဒိုင်ယာလိုဟာ အီတလီကလပ် Atalanta အသင်းက ယူနိုက်တက်ကိုပေါင် ၃၇ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။Atalanta အသင်းကတော့ အသက် ၁၈ နှစ်အရွယ် လူငယ်တောင်ပံတိုက်စစ်မှူးကို ယခုရာသီကုန်အထိ အငှားချပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်က တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် အငှားမချပေးခဲ့ပါဘူး။

မကြာသေးခင်ရက်ကပဲ ပယ်လစ်စထရီကို ယူနိုက်တက်က အငှားချတော့မှာဖြစ်ပေမယ့် ဒိုင်ယာလိုကို အဲ့ဒီလို အစီအစဉ်လုံးဝမရှိပဲ စီနီယာအသင်းသားကြီးတွေကလည်းချီးကျုးနေကြတယ်လို့ သတင်းတွေကဖော့်ပြပြီး လီဗာပူးနဲ့ပွဲမှာပါလာနိုင်မှာဖြစ်တယ်လို့ ရေးသားခဲ့ကြတာတွေရှိနေပါတယ်။

အခုလက်ရှိ ယူနိုက်တက်ရဲ့ ရှေ့တန်းမှာ လီဗာပူးနဲ့ပွဲမှာ ခြေစွမ်းပြကစားခဲ့တဲ့ မေဆင်ဂရင်းဝုဒ်နဲ့ လက်သစ်မက်ဆီလို့ပြောနေကြတဲ့ အာမက်ဒိုင်ယာလိုတို့ကို လေ့ကျင့်ရေးကွင်းမှာ တိုက်စစ်အတွက်တွဲဖက်လေ့ကျင့်ကစားနေတယ်လို့ဆိုပါသေးတယ်။

ဒါပေမယ့် ပရိတ်သတ်တွေ စီနီယာအသင်းကြီးမှာ မျှော်လင့်နေတဲ့ ဒိုင်ယာလိုတစ်ယောက်ကတော့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်အသစ်တစ်ခု ဖြစ်တဲ့ မနက်ဖြန် ကစားမယ့် လီဗာပူးလ် U-23 ပွဲစဉ်မှာပဲကစားရတော့မှာဖြစ်ပါတယ်။

အသင်းကြီးမှာ တန်းကစားရလိမ့်မယ်လို့ ထင်မှတ်ထားတဲ့ ဒိုင်ယာလိုကလည်း အသင် U-23 အသင်းအတွက်ပေးပါဝင်ကစားဖို့ယူနိုက်တက်ဘက်က အသင့်ဖြစ်နေကြောင်းသိရပါတယ်။ဒီတော့ မက်ဆီလက်သစ်လေး ဒိုင်ယာလိုကို စီနီယာအသင်းကြီးနဲ့မြင်တွေ့ရဖို့ မန်ဖန်တွေ ဆက်လက်စောင့်မျှော်ကြပါစို့နော်

ဂျွန်ထက်











Leave a Comment

Your email address will not be published.