.

မက်ကွိင်းယားထံမှ ခေါင်းဆောင်လက်ပတ် လွဲပေးသင့်သည့်ကစားသမားများကို ရွန်းနီပြောပြီ

မန်ချက်စတာယူနိက်တက် ဟာ ပြိုင်ပွဲစုံနီးပါးလောက်ကို ထွက်ခဲ့ရပြီး ယခုအခါမှာ ယူရိုပါလိဂ်တခုသာ မျှော်လင့်စရာရှိပါတော့တယ်….

မကြာသေးမီကမှလည်း မက်ကွိင်းယားဦးဆောင်တဲ့ မန်ချက်စတာယူနိက်တက်ဟာ FA Cup ပြိုင်ပွဲကနေ ထွက်ခဲ့လိုက်ရပြီးပါပြီ…

မန်ချက်စတာယူနိက်တက် ဂန္တဝင်ကစားသမားကြီး ဝိန်းရွန်းနီက မက်ကွိင်းယားဟာ ခေါင်းဆောင်လက်ပတ်နဲ့ မထိုက်တန်ကြောင်း အသင်းကို မဦးဆောင်သင့်ကြောင်း လက်ပတ်ကို လွဲပေးဖို့ Sport Trible News မှာ ယခုလိုပြောခဲ့ပါတယ်…

ဝိန်းရွန်းနီ က ” မန်ချက်စတာယူနိက်တက် ရဲ့ လက်ပတ်ကို ပိုင်ဆိုင်ခဲ့ရတဲ့အချိန်တွေမှာ ကျနော် အများကြီးပေးဆပ်ခဲ့တယ် စွန့်လွတ်အနစ်နာခံတာတွေအများကြီးရှိခဲ့ပါတယ်…

အသင်းခေါင်းဆောင်အဆက်ဆက်တိုင်းဟာလည်း ပေးဆပ်မှုတွေကြီးမားခဲ့ကြပါတယ်….မက်ကွိင်းယားလို အသင်းခေါင်းဆောင်မျိုး ယူနိက်တက်သမိုင်းမှာမရှိခဲ့ပါဘူး

အခုလိုအခြေနေမျိုးမှာဆို သူ့ဟာအသင်းခေါင်းဆောင်လက်ပတ်ကို အလိုက်တသိလွဲပေးသင့်နေပါပြီ….ဘယ်သူ့တွေကိုပေးသင့်လဲဆိုတာ ပရိတ်သတ်တွေသိပြီးသားပါ….

ဒါပေမဲ့ ကျနော်ပြောသင့်တဲ့အတွက်ပြောရပါမယ်….နောက်ခံလူတွေထဲမှာဆို လုရှောကိုပေးသင့်တယ်လို့မြင်ပါတယ်…အားစိုက်ထုတ်မှုနှုန်းပိုမြင့်မားတယ်…အသင်းဖော်တွေအပေါ် ပေးဆပ်မှုတွေရှိတယ်…

နောက်တယောက်ကတော့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ကိုပေးသင့်ပါတယ်…သူဆိုလည်း နိုင်လိုစိတ်ပြင်းပြမှုနဲ့ ယူနိက်တက်ကို မောင်းနှင်နေတဲ့ကစားသမားမို့ ရသင့်တဲ့ အခွင့်ရေးရှိသူပါ…

အိုလေ အနေနဲ့လည်း ဒီကိစ္စကို ဂရုမစိုက်ဘဲနေအုံးမယ်ဆိုရင် ယူနိက်တက်အနေနဲ့ ဖလားလက်မဲ့ရာသီတွေဆက်တိုက်ကြုံရပါိလိမ့်မယ် ” ဟု ပြောသွားခဲ့ပါတယ်….

MUPS

Leave a Comment

Your email address will not be published.