.

ဥရုဂွေးနည်းပြ အကြံပေးလိုက်တဲ့ ကာဗာနီ ရဲ့ အပြောင်းအရွေ့အကြောင်း

မန်ချက်စတာယူနိက်တက် တိုက်စစ်မှူးကြီး ကာဗာနီ ဟာလည်း အပြောင်းအရွေ့သတင်းတွေနဲ့ အိုးထရက်ဖို့စ် ကနေပြန်တော့မယ်ဆိုပြီး အင်္ဂလိပ်ဘောလုံးမီဒီယာတွေ ဝေဖန်ရေးသားမှုတွေခံနေရပါတယ်…

ကာဗာနီဟာ သူ့အဖေရဲ့ စကားကြောင့် မန်ချက်စတာမြေမှာ မပျော်တော့ဘူးဆိုပြီးတော့လည်း သတင်းတချို့ထွက်လာပါသေးတယ်….

.

ယခုအခါမှာ ဥရုဂွေးနည်းပြကြီး အော်စကာ တာဘာရက် က ကာဗာနီ ရဲ့ အပြောင်းအရွေ့အား ယခုလိုအကြံပေးခဲ့ပါတယ်…

အော်စကာ တာဘာရက် က ” ယူနိက်တက်မှာ မပျော်တော့ဘူးလို့ ကာဗာနီ ဆီက အသံကြားရတော့ ကျနော် တော်တော်လေး အံ့အားသင့်မိပါတယ်..

.

ကာဗာနီ နဲ့ ကျနော်ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးတချို့ရှိပါတယ်….သူ့ဆီကဒီလို ကြားရလိမ့်လို့ထင်မထားဘူး…သူက အကောင်းမြင်တတ်ပြီး အားစိုက်ထုတ်မှုကောင်းတဲ့ တိုက်စစ်မှူးတယောက်ပါ…

သူမပျော်တော့ဘူးဆိုရင်တော့ ကျနော်ကတော့ ပြောင်းရွေ့သင့်တယ်လို့ အကြံပေးချင်ပါတယ်…သူပြောင်းရွေ့ ချင်တဲ့ ဘိုကာ ဂျူနီယာအသင်းကို ပြောင်းရွေ့ဖို့ ကျနော်ကူညီပေးသွားမှာပါ ဟု ပြောသွားခဲ့ပါတယ်..

MUPS

Leave a Comment

Your email address will not be published.