ဝုဒ်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ ဘရူနိုဖာနန်ဒက်အကူအညီလိုနေတယ်လို့ ယူနိက်တက်ပြော

မန်ချက်စတာယူနိက်တက်ဟာ ယခုနွေရာသီမှာ ကစားသမားအများအပြားကို ကမ်းလှမ်းလျက်ရှိပြီး အသင်းအတွက် လိုအပ်နေတဲ့ အဓိက တိုက်စစ်မှူးနဲ့ ဗဟိုခံစစ်မှူးတွေကို အသည်းအသန်ရှာဖွေနေပါတယ်…

ယခုအခါမှာတော့ မန်ချက်စတာယူနိက်တက်လွန်ခဲ့တဲ့ အပတ်ကတည်းက ဝုဒ်မှတောင်ပံတိုက်စစ်မှူး ပတ်ဒရိုနီတို ကို ကမ်းလှမ်းထားပါတယ်…

ယင်းကစားသမားဟာ ဝုဒ်မှာ ပြိုင်ပွဲစုံ ၂၉ပွဲကစားထားပြီး ၅ဂိုးသွင်း ၄ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်….ဘယ်တောင်ပံတိုက်စစ်မှူးဖြစ်သော်လည်း လိုအပ်လာရင် နောက်ချန်တိုက်စစ်မှူး နဲ့ ညာတောင်ပံတိုက်စစ်တွေကို ကစားနိုင်ပါသေးတယ်…

မန်ချက်စတာယူနိက်တက်ဟာ ယင်းကစားသမားကိုခေါ်ယူနိုင်ဖို့ ဘရူနိုဖာနန်ဒက်အကူအညီလိုနေတယ် ဆိုတာ ယခုလိုရှင်းပြခဲ့ပါတယ်…

.

ပတ်ဒရို နဲ့ ဘရူနိုဟာ ပေါ်တူဂီနိုင်ငံသားတွေဖြစ်ကြပြီး နိုင်ငံအသင်းမှာ လည်း အတူတူကစားပြီး ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတွေပါ…

ယခုအခါမှာ ဘရူနို နဲ့ ပတ်ဒရို ဟာ နိုင်ငံအသင်းအတွက် သွားရောက်ကစားနေကြပြီး ဘရူနိုအနေနဲ့ ပတ်ဒရို ကို ယူနိက်တက်မှာ လာရောက်ကစားဖို့ ဖိတ်ခေါ်စကားပြောနိုင်မယ့်လို့ မျှော်လင့်ပါတယ်…

ဒါကြောင့် ပတ်ဒရို လာနိုင်ဖို့ ဘရူနို ဖာနန်ဒက်ရဲ့ အကူညီအများကြီးလိုနေတယ်ဆိုတာ သိသာပါတယ် ဟု မန်ချက်စတာယူနိက်တက်မှ တာဝန်ရှိသူတဦးက CUOFFSIDE မှာပြောသွားခဲ့ပါတယ်…

MUPS

Leave a Comment

Your email address will not be published.