.

မက်ကွိင်းယားနေရာအစားထိုးဖို့ အသင့်တော်ဆုံး ဗဟိုနောက်ခံလူကို ယူရို ၅၁သန်းဖြင့်ခေါ်မည်..

မန်ချက်စတာယူနိက်တက်ဟာ အသင်းရဲ့ အကြီးမားဆုံးပြသနာဖြစ်တဲ့ ဗဟိုနောက်ခံလူ လိုအပ်ချက်ကို မဖြေရှင်းနိုင်သေးတာ ပရိတ်သတ်တွေလည်းသိကြပါတယ်..

ယူနိုက်တက်ဟာ ဗဟိုနောက်ခံလူ ပြသနာကို မဖြေရှင်းနိုင်သေးတဲ့အတွက် ဖလားတွေကို တလုံးပြီးတလုံးစွန့်လွတ်ခဲ့ရပါပြီ….

ယခုအခါမှာတော့ မန်ချက်စတာယူနိက်တက်ဟာ ဗဟိုနောက်ခံလူ လိုအပ်ချက်ကို ဖြေရှင်းလိုက်နိုင်ပြီဆိုတာကို MEN News မှ ယခုလိုဖော်ပြထားပါတယ်…

.

မန်ချက်စတာယူနိုက်တက်ဟာ မက်ကွိင်းယားနေရာအစားထိုးဖို့အတွက် ဗီလာရီးရဲနောက်ခံလူ ပိုလိုတောရက်စ်ကို ယူရို ၅၁သန်းဖြင့် အက်ဝုဒ်ဝပ်ကနေကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်…

ယင်းကစားသမားဟာ အသက် ၂၄နှစ်အရွယ်ရှိပြီး ပွဲပေါင်း ၂၆ပွဲကစားကာ ၂ဂိုးသွင်းယူထားပြီး ခြေစွမ်းပြနေတဲ့ ကစားသမားလို့ ပြောလို့ရပြီး ယူနိက်တက်လိုအပ်နေတဲ့ အရည်သွေးတွေရှိနေပါတယ်…

.

ယူနိက်တက်ဟာ ယင်းကစားသမားကို ရဖို့ ကမ်းလှမ်းမှုတွေအကြိမ်ကြိမ်လုပ်နေခဲ့တယ် လို့ ဘုတ်အဖွဲ့မှ ပြောခွင့်ရသူ တဦးက MEN News မှာ ပြောသွားခဲ့ပါတယ်….

MUPS

Leave a Comment

Your email address will not be published.