.

ကျနော်ပြောတဲ့ကစားသမား ၂ ဦးမရှိပါက ယူနိက်တက်သည်ဘာမှမဟုတ်ဟု မော်ရင်ဟိုပြေ

မန်ချက်တစတာယူနိက်တက် နဲ့ မော်ရင်ဟိုဆိုတာ ဖာဂူဆန်လက်ထက်တည်းက ဘောလုံးလောကရဲ့ စကားစစ်ထိုးပွဲတွေကို အကြိမ်ကြိမ်တွေ့မြင်ခဲ့ကြရပါတယ်…

နောက်ပြီး မော်ရင်ဟို ဟာ မန်ချက်စတာယူနိက်တက်ကို နည်းပြအဖြစ်ရောက်လာပြီး ယူရိုပါလိဂ်ဖလားကို ရယူပေးခဲ့ပြီး ပရီးမီးယားလိဂ်မရသဖြင့် ပရိတ်သတ်တွေက လှောင်ပြောင်ခဲ့ပတယ်…

.

လက်ရှိစပါးနည်းပြကြီး မော်ရင်ဟို ဟာ ယင်းလှောင်ပြောင်မှုတွေကို အငြိုးအတေးအဖြစ်မှတ်ထားပုံရပါတယ်..

ယခုအခါမှာ ဟိုဆေး မော်ရင်ဟို ဟာ နိမ့်မြင့်တက်ကျတွေစုံလင်နေတဲ့ မန်ချက်စတာယူနိက်တက်ကို United Focus မှာ ယခုလိုလှောင်ပြောင်ခဲ့ပါတယ်…

မော်ရင်ဟို က ” မန်ချက်စတာယူနိက်တက်ဟာ လက်ရှိ မှာ ခြေစွမ်းဟာတည်ငြိမ်မနေပါဘူး…ကျနော့်ကိုင်တွယ်စဉ်ကထက်ပိုဆိုးနေပါတယ်….

.

မန်ချက်စတာယူနိက်တက်မှာ လုရှော နဲ့ ဘရူနို ဖာနန်ဒက်သာ မရှိရင် အသင်းဟာ သာမန်အဆင့်ဖြစ်သွားမယ်ဆိုတာကို ကျနော့်လို စဉ်းစားတတ်တဲ့လူတိုင်းသိပါတယ်…” ဟုပြောသွားခဲ့ပါတယ်…

MUPS

Leave a Comment

Your email address will not be published.