.

အိုးထရက်ဖို့စ် သို့ ပြန်လာခြင်း မလာခြင်းအတွက် လင်ဂတ် ပြောပြီ

မန်ချက်စတာယူနိက်တက် ဟာ မကြာသေးခင်အချိန်ကဘဲ ကွင်းလယ်ကစားသမား လင်ဂတ်ကို ဝက်ဟမ်းသို့အငှားချခဲ့ပါတယ်…

ယူနိက်တက်မှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်ကစားသမား လင်ဂတ်ဟာ နောင်တော်ကြီးတွေရဲ့ထုံးစံအတိုင်း လက်ရှိ အသင်း ဝက်ဟမ်းမှာခြေစွမ်းပြနေပါပြီ….

မန်ချက်စတာယူနိက်တက်ကတော့ လင်ဂတ်ကို ပြန်လာဖို့ တိုက်တွန်းနေသလို သုံးနှစ်စာချုပ်ချုပ်မယ်လို့လည်း ပြောနေသံတွေ ဟာ အင်္ဂလိပ်ဘောလုံး မီဒီယာတွေကြား ရေပန်းစားနေပါတယ်…

ယခုအခါမှာတော့ လင်ဂတ်ဟာ မန်ချက်စတာယူနိက်တက် အိုးထရက်ဖို့ ကွင်းသို့ ပြန်လာခြင်းမလာဖြင်းကို Sport Trible News မှာ ယခုလို ပြောခဲ့ပါတယ်…

.

လင်ဂတ် က ” မန်ချက်စတာယူနိက်တက် အိုးထရက်ဖို့စ်ဆိုတာ ကျနော့်အတွက် ဒုတိယအိမ်ပါ…ကျနော့်အနေနဲ့ အိုးထရက်ဖို့ အမှတ်တရတွေကို အမြဲသတိရနေတာပါ….

ယူနိက်တက်သို့ ပြန်လာခြင်း မလာခြင်းထက် လက်ရှိ ကျနော့်ရောက်နေတဲ့ အသင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်….

ယူနိက်တက်က နောက်တကြိမ်ပြန်ကြိုးစားခွင့်ပေးနေမယ်ဆိုရင်လည်း စဉ်းစားသွားပါမယ်….ဒါပေမဲ့ ဝက်ဟမ်းဘက်ကလည်း ကမ်းလှမ်းမှုတွေရှိနေတာမို့ ပြန်လာမယ်လို့ ကျနော် တိတိကျကျမပြောပါဘူး ” ဟု ပြောသွားခဲ့ပါတယ်…

MUPS

Leave a Comment

Your email address will not be published.