.

ဗန်ဒါဘိကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးတော့မယ့်ကွင်းလယ်ကြယ်ပွင့်အကြောင်း ဆိုးရှားလ်ပြော

မန်ချက်စတာယူနိက်တက် ဟာ အေဂျက်အသင်းမှ ဗန်ဒါဘိအား ဒီနှစ်နွေရာသီမှာ ခေါ်ယူခဲ့ပြီး ပွဲထွက်ခွင့် ပေးဖို့ နဲ့ အသင်းနဲ့ အံဝင်ဖို့ ကြိုးစားနေရတယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ အပတ် သတင်းတွေထဲမှာ လူပြောများနေခဲ့ပါတယ်…

ဒါပေမဲ့ ယူနိက်တက်ကွင်းလယ်မှာ ယူနိက်တက်ဟာ အသုံးပြုစရာလူတွေများနေလို့ ဗန်ဒါဘိဟာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတယ်လို့လည်း ပြောနေကြပါသေးတယ်…

ယခုအခါမှာတော့ ဗန်ဒါဘိအတွက် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံနေတဲ့ အိမ်မက်ဆိုးကို ရပ်တန့်စေမယ့် အဖြစ်ပျက်တခုလာနေပါပြီ….

မန်ချက်စတာယူနိက်တက်နည်းပြကြီး ဆိုးရှားလ် ဖိအားဒဏ်တွေခံနေရပြီး ကွင်းလယ်ကြယ်ပွင့် အား ပုံမှန်ခြေစွမ်းမရပါက ဗန်ဒါဘိနဲ့ လူစားလဲအသုံးပြုမည်ဟု သတိပေးခဲ့ပါတယ်…

ဆိုးရှားလ်က ” ကျနော့်အနေနဲ့ ပုံမှန်ခြေစွမ်းရနေတဲ့ ကစားသမားကိုဘဲ ပွဲထွက်ခွင့်ပေးမှာမို့ အခြားသော အကြောင်းပြချက်တွေပေးနေမှာမဟုတ်ပါဘူး…

ကျနော်ပြောချင်တာက ဖရက်ဒ်ကိုပါ….အရင်လို လုပ်ရှားမှုတွေ အားစိုက်ထုတ်မှုတွေ ပျောက်ဆုံးနေတယ်..ပုံမှန်ခြေစွမ်းပြန်ရဖို့ ရုန်းကန်နေတယ်….

ဒါကြောင့် ကျနော့်အနေနဲ့ ဖရက်ဒ်ဟာ ပုံမှန်ခြေစွမ်းပြန်ရအောင်အားစိုက်မထုတ်ပါက ဗန်ဒါဘိကိုပုံမှန်ပွဲထွက်ခွင့်ပေးသွားပါမယ် ” ဟု MEN News Live မှာပြောသွားခဲ့ပါတယ်….

MUPS

Leave a Comment

Your email address will not be published.