.

ဟာလန်းမရရင် ယူနိက်တက်ခေါ်ယူနိုင်သည့်တိုက်စစ်မှူး (၃) ဦးကို MEN News မှ ဖော်ပြ

မန်ချက်စတာယူနိက်တက် ဟာ ဂိုးသွင်းယူမှုအဆုံးသတ်သေချာတဲ့တိုက်စစ်မှူး တဦး အလိုရှိနေတယ်ဆို ယူနိက်တက်ပရိတ်သတ်အားလုံးသိပြီးသားပါ…

ယခုအခါမှာ မန်ချက်စတာယူနိက်တက်နည်းပြကြီး ဆိုးရှားလ် ရဲ့ ဟာလန်းကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ရိုးအီနေအောင် မြင်နေကြားနေရပါပြီ….

ဆိုးရှားလ်အနေနဲ့ ဟာလန်းကို မခေါ်ယူဖူးဆိုရင် ယူနိက်တက်ဟာ ဘတ်ဂျက်နည်းနည်း နဲ့ ခေါ်ယူနိင်ပြီး ယူနိက်တက်ကင်းထောက်တွေလိုက်နေတဲ့ လူငယ်တိုက်စစ်မှူး ၃ ဦးကို MEN News မှ ယခုလိုဖော်ပြခဲ့ပါတယ်…

အလက်ဇန်းဒါး အက်ဇက် – ရီးရဲဆိုစီဒက်ကစားသမား အက်ဇက်ကတော့ အသက် ၂၁ သာရှိသေးပြီး ပြိုင်ပွဲစုံ ၂၄ပွဲကစားထားပြီး သွင်းဂိုး ၁၂ဂိုး နှင့် ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ထားပါတယ်..ခေါ်ယူမယ်ဆို ယူရို၃၃သန်းပေးချေရဖွယ်ရှိပြီး ခေါ်ယူဖို့ဖြစ်နိုင်ချေ 60%သာရှိပါတယ်…

အူဆန်အီဒူရာ – အသက် ၂၃ နှစ်အရွယ် ဆဲတစ်ကစားသမား အီဒူရာကတော့ ပြိုင်ပွဲစုံ ၂၆ပွဲကစားထားပြီး သွင်းဂိုး ၁၆ဂိုးနှင့် ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားပါတယ်…

ခေါ်ယူမယ်ဆို ယူရို ၁၆သန်းသာပေး ချေရဖွယ်ရှိပြီး ချန်ပီယံလိဂ်အတွေ့အကြုံလည်းရှိတဲ့ကစားသမားပါ…ခေါ်ယူဖို့ ဖြစ်နိုင်ချေ 80% ရှိပြီး ဒုတိယရေပန်းအစားဆုံးကစားသမားပါ…

ပတ်ဆန်ဒါကာ – ရက်ဘူးကစားသမား ပတ်ဆန်ဒါကာကတော့ ခေါ်ယူဖို့ ရေပန်းအစားဆုံးကစားသမားပါ…ပြိုင်ပွဲစုံ၁၈ပွဲကစားထားပြီး သွင်းဂိုး ၂၀နှင့် ဂိုးဖန်တီးမှု ၅ကြိမ်ထိပြုလုပ်ထားပါတယ်..

ချန်ပီယံလိဂ်အတွေ့အကြုံလည်းများတဲ့ကစားသမားပါ…ခေါ်ယူဖို့ ဖြစ်နိုင်ချေ 95% ရှိနေပြီး ပထမရေပန်းအစားဆုံးကစားသမားပါ…

မန်ချက်စတာယူနိက်တက်ဟာ အီရင်ဟာလန်းကို မခေါ်ယူနိုင်ဘူးဆိုရင် ယခု ကစားသမား ၃ဦးထဲမှ တဦးကိုခေါ်ယူသွားမယ်ဆိုပြီး MEN News မှဖော်ပြခဲ့ပါတယ်..

Leave a Comment

Your email address will not be published.