.

ဘရူနိုဖာနန်ဒက်က ယူနိက်တက်သို့ စီရော်နယ်ဒို ကိုဘယ်လိုဖိတ်ခေါ်ခဲ့သလဲ…

မန်ချက်စတာယူနိက်တက် ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်ဟာ လက်ရှိအချိန် မှာ နိုင်ငံအသင်းဖြစ်တဲ့ ပေါ်တူဂီမှာ သွားရောက်ကစားနေပြီး ယူနိက်တက်အတွက် အကျိုးရှိစေမယ့် အလုပ်တခုလုပ်ခဲ့ပါတယ်…

အဲ့ဒါကတော့ ပေါ်တူဂီအသင်း ခေါင်းဆောင်လည်း ဖြစ် ၊ ယူနိက်တက် ကစားသမားဟောင်းလည်း ဖြစ်သူ စီရော်နယ်ဒို နဲ့ တွေ့ဆုံရတဲ့ အချိန်မှာ အခွင့်အရေးကို ရအောင်ယူခဲ့ပါတယ်….

ယူနိက်တက် ဘုတ်အဖွဲ့ကလည်း ရော်နယ်ဒို ပြန်လာဖို့ ဘရူနိဖာနန်ဒက်ရဲ့ အကူညီအများကြီးလိုတယ်လို့ ပြောထားပါသေးတယ်…

ဘရူနိ ဖာနန်ဒက်ကတော့ လေ့ကျင်ရေးကွင်း မှ အပြန် Sport Trible News မှာ စီရော်နယ်ဒို ကို ယခုလို ဖိတ်ခေါ်ခဲ့တယ်ဆိုတဲ့အကြောင်း ပြောပြထားပါတယ်…

.

ဘရူနိဖာနန်ဒက် ” ကျနော်က အမြဲတမ်း စီရော်နယ်ဒို ကိုအားကျနေရသူပါ…ကျနော်အတွက် အတုယူရဆုံး နိုင်ငံအသင်းဖော်ဆိုလည်း မမှားပါဘူး…

.

ကျနော့်အတွက် ယူနိက်တက်မှာ ရော်နယ်ဒိုတုန်းကလို အခက်အခဲတွေအများကြီးပါ…ဒါပေမဲ့ ရော်နယ်ဒို ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာတွေပြန်ကြည့်ပြီး အခုချိန်မှာ ယူနိက်တက်နဲ့အသားကျနေပါပြီ…

ကျနော့်တို့ ယူနိက်တက်မှာ လိုအပ်ချက်တွေ ပြသနာလေးတွေ အနည်းငယ်ရှိနေပါတယ်…တိုက်စစ်ပိုင်းမှာပေါ့….ရော်နယ်ဒိုရေ….Bro သာလာမယ်ဆို ဒီပြသနာတွေ လိုအပ်ချက်တွေ ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ် ” ဟု ပြောကာ အသင်းတွင် လာရောက် ကစားဖို့ တောင်းဆိုသွားခဲ့ပါတယ်..

MUPS

Leave a Comment

Your email address will not be published.