မန်ချက်စတာမှာရှိခဲ့တဲ့၂၆နှစ်အတွင်းဆာအဲလက်စ်ဖာဂူဆန်ရဲ့နောင်တအရဆုံးအရာ

စကော့တလန်သားကြီးကမန်ချက်စတာမြို့မှာရှိခဲ့တဲ့၂၆နှစ်တာကာလအတွင်းသူရင်ဆိုင်ခဲ့ရတဲ့အခက်ခဲဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုထုတ်ပြောခဲ့ပါတယ်။ဆာအဲလက်စ်ဖာဂူဆန်ကမန်ချက်စတာယူနိုက်တက်အသင်းကိုကိုင်တွယ်ခဲ့တဲ့၂၆နှစ်တာကာလအတွင်းသူ့ရဲ့အကြီးမားဆုံးနောင်တကိုပြောပြခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်အနေနဲ့မန်ချက်စတာယုနိုက်တက်အသင်းကိုကိုင်တွယ်ခဲ့တဲ့၁၉၈၆ခုနှစ်ကနေ၂၀၁၃ခုနှစ်အတွင်းအင်္ဂလန်အဆင့်မြင့်တန်းပြိုင်ပွဲရဲ့အင်အားကြီးအသင်းတစ်သင်းဖြစ်အောင်တည်ဆောက်ပေးခဲ့ပါတယ်။

စကော့တလန်သားကြီးရဲ့နည်းပြဘဝမှာအနိမ့်အမြင့်များစွာရင်ဆိုင်ခဲ့ရပေမယ့်ပရီးမီးယားလိဂ်ခေတ်သစ်အစမှာသူ့ရဲ့အကောင်းဆုံးလူစာရင်းတွေထဲကတစ်ခုကိုလူစုခွဲခဲ့တဲ့အပေါ်အပြစ်ရှိသလိုခံစားနေရဆဲဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်က’နောင်တရစရာတစ်ခုကတော့၁၉၉၄ခုနှစ်ကအသင်းပါ။နောက်တန်း၄ယောက်ကအတူတူကြီးပြင်းလာကြတာပါ။သူတို့တွေအကုန်လုံးကအံ့အားသင့်စရာကောင်းနေတော့နည်းပြတစ်ယောက်အတွက်အတော်လေးခက်ခဲ ခဲ့ပါတယ်’

‘ပေါလ်ပါကား၊စတိဗ်ဘရုစ်၊ဂယ်ရီပါလစ္စတာနဲ့ဒင်းနစ်အာဝင်၊တကယ်ကောင်းတဲ့ကစားသမားတွေပါ။သူတို့ကျွန်တော့်အတွက်အကောင်းဆုံးပေးဆပ်ခဲ့တယ်ဆိုတာမြက်ခင်းစိမ်းကြီးကသက်သေပါ’..‘ပြဿနာကသူတို့အတွက်ကျွန်တော်ဘာလုပ်ပေးရမလဲဆိုတာပါ။ကျွန်တော်သူတို့အသင်းပြောင်းနိုင်အောင်စီစဉ်ပေးခဲ့ပါတယ်။သူတို့လဲကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ဒါပေမယ့်ထုတ်ပြောရတာအရမ်းခက်ခဲ့ပါတယ်’

‘လူငယ်လေးတွေကိုလက်လွှတ်ရရင်လဲဒီလိုပါပဲ။အသက်၁၇၊၁၈လောက်ပဲရှိသေးတဲ့ကစားသမားလေးကိုအသင်းသစ်တစ်သင်းရှာပေးရပါတယ်။ဒါကကျွန်တော့်အတွက်မလုပ်ချင်ဆုံးပါပဲ’

‘လူငယ်လေးတွေကိုလက်လွှတ်ရတာကတကယ်အဆိုးဆုံးပါ။ဒီလူငယ်လေးရဲ့ရည်မှန်းချက်နဲ့မျှော်လင့်ချက်ကလူပေါင်း၇၅၀၀၀လောက်ဝင်ဆံ့တဲ့ဝင်ဘလေကွင်းကြီးထဲမှာယူနိုက်တက်အတွက်ဗိုလ်လုပွဲဝင်ကစားပေးဖို့ပါ’

‘ဒီရည်မှန်းချက်ကယူနိုက်တက်ကိုရောက်လာတဲ့ကလေးတိုင်းမှာရှိပါတယ်။ဒီအိပ်မက်တွေရဲ့အဝေးကိုပို့လိုက်ရတာတကယ်ကိုနာကျင်ရပါတယ်။ကျွန်တော်အမုန်းဆုံးအလုပ်ပါပဲ’လို့ပြောခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဘဝမှာပွဲပေါင်း၁၅၀၀ကိုင်တွယ်ခဲ့ပြီး၆၀ရာခိုင်နှုန်းအထိအနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အသက်၇၉နှစ်ရှိပြီဖြစ်တဲ့နည်းပြကြီးဟာမန်ချက်စတာယူနိုက်တက်အသင်းအတွက်ပရီးမီးယားလိဂ်ဖလား၁၃ကြိမ်၊ချန်ပီယံလိဂ်ဖလား၂ကြိမ်အပါအဝင်ဆုဖလား၃၈လုံးအထိရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အသက်၇၉နှစ်ရှိပြီဖြစ်တဲ့နည်းပြကြီးဟာမန်ချက်စတာယူနိုက်တက်အသင်းအတွက်ပရီးမီးယားလိဂ်ဖလား၁၃ကြိမ်၊ချန်ပီယံလိဂ်ဖလား၂ကြိမ်အပါအဝင်ဆုဖလား၃၈လုံးအထိရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Leave a Comment

Your email address will not be published.