.

ဟာလန်းကို ဘာကြောင့် မခေါ်စေချင်တာလဲဆိုတာ ဆာအဲလက်ဖာဂူဆန်ပြောပြီ

မန်ချက်စတာယူနိက်တက်ဟာ လက်ရှိနည်းပြ ဆိုးရှားလ် တပည့်ဟောင်းဖြစ်တဲ့ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်…

ဒါပေမဲ့ တဖက်မှာလည်း ဈေးက ဟာလန်းရဲ့ ခြေစွမ်းနဲ့ ထိုက်တန်ရဲ့လားဆိုတဲ့ ဂန္တဝင်ကစားသမားတွေရဲ့ စကားသံတွေကလည်း ပလူပျံနေပါတယ်…

ယခုအခါမှာတော့ မန်ချက်စတာယူနိက်တက်ရဲ့ အောင်မြင်မှုတွေ အများသိမ်းပိုက်ထားနိုင်တဲ့ နည်းပြကြီး တဦးဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်က ဟာလန်းကို ဘာကြောင့်မခေါ်စေချင်တာလဲဆိုတာ Sport Mole မှာ ယခုလိုပြောလာပါတယ်…

ဖာဂူဆန် က ” အိုလေ အနေနဲ့ ဒီကစားသမားတဦးတည်းနဲ့ အချိန်မဖြုန်းနေသင့်ပါဘူး….တခြားပင်ကိုယ် ဂိုးသွင်းစွမ်းရည် မြင့်မားတဲ့ ကစားသမားတွေ အများကြီးပါ…

.

ဟာလန်းဟာ ဂိုးသွင်းနိုင်ဖို့ ဂိုးဖန်တီးပေးနိုင်တဲ့ ကစားသမား သုံးလေးယောက်လောက်ရှိမှ ခြေပေါ်တာမို့ သေချာစဉ်စားစေချင်ပါတယ်..နစ္စတယ်ရွိင်းတုန်းကလို မျိုး မထင်ပါနဲ့ …မတူပါဘူး

တော်တော်ကွဲပြားပါတယ်..နစ္စတယ်ရွိင်းတုန်းက ပင်ကိုယ် ဂိုးသွင်းစွမ်းရည်ကောင်းသလို ဘက်ခမ်းလို ဂိုးဖန်တီးအားကောင်းတဲ့ တောင်ပံကစားသမားတယောက်ရှိနေပါတယ်…

ယူနိက်တက်မှာ လက်ရှိ ဘက်ခမ်းလိုကစားသမားမရှိသလို …ဟာလန်းဟာလည်း နစ္စတယ်ရွိင်းလို့ အရည်အချင်းတို့ ရှိမနေပါဘူး…ဒါကြောင့် အိုလေ စဉ်းစားပါ ” ဟု ပြောသွားခဲ့ပါတယ်..

MUPS

Leave a Comment

Your email address will not be published.