.

ယူနိက်တက်ခံစစ်မှူးအသစ်အတွက် မက်ကွိင်းယားမှ အချက်သုံးချက်တောင်းဆို

မန်ချက်စတာယူနိက်တက်အသင်းခေါင်းဆောင် မက်ကွိင်းယားက သူနှင့်တွဲကစားမည့် ခံစစ်မှူးနှင့်ပတ်သက်၍တောင်းဆိုမှု သုံးခု ပြုလုပ်ခဲ့သည်။

မက်ဂွိုင်းယားသည် မန်ချက်စတာယူနိက်တက်အသင်းတွင် နည်းပြအိုလေဂန်နား ဆိုးရှား၏အသင်းတွင် အဓိကကစားသမားတစ်ဦးဖြစ်သည်။

လက်ရှိအချိန်တွင် လင်ဒီလော့ဖ်သည် မက်ကွိုင်းယား၏ အဓိကတွဲဘက်အဖြစ် ခံစစ်ကစားသမားဖြစ်သော်လည်း တစ်ခါတစ်ရံ ဘိုင်လီကို ဆိုးရှားက အသုံးပြုသည်။

သို့ရာတွင် မန်ချက်စတာယူနိက်တက်သည် ဗဟိုခံစစ်မှူးအသစ်တစ်ဦး ခေါ်ယူအားဖြည့်ရန် ကြိုးစားနေသည်။ရီးရဲမက်ဒရစ်အသင်းမှ ဗာရာနီနှင့် ဆီဗီလာမှ ကွန်ဒီတို့သည် ယူနိက်တက်သို့ရောက်ရှိရန်ရေပန်းစားနေသည်။

.

မက်ကွိုင်းယားက သူနှင့်တွဲကစားမည့် ခံစစ်မှူးခေါ်ယူရေးနှင့် ပတ်သက်၍တောင်းဆိုမှုအချို့ ပြုလုပ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။မက်ဂွိုင်းယားက အသင်း၏ခံစစ်ဗဟိုတွင် အင်္ဂလိပ်စကားနားလည်ပြီး အသင်းသားများကို ညွှန်ကြားပြသနိုင်သော ခံစစ်မှူးမျိုးခေါ်ယူရန် အလိုရှိကြောင်း၊

ပရီးမီးယားလိဂ်အတွေ့အကြုံရှိသည့် ခံစစ်မှူးမျိုးကို ပိုမိုနှစ်သက်သည်ဟုဆိုကြောင်း သတင်းများက ဖော်ပြသည်။မက်ကွိုင်းယားက အင်္ဂလိပ်စကား ကောင်းကောင်းနားလည်သည့် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ခံစစ်မှူးကို တောင်းဆိုရခြင်းမှာ လက်ရှိတွဲကစားနေရသော ခံစစ်မှူးများသည် ထိုအချက်များ အားနည်းသောကြောင့် ဖြစ်သည်။

မန်ယူသည် နာပိုလီခံစစ်မှူး ကူလီဘာလေကို ခေါ်ယူရန် ချိတ်ဆက်ထားသော်လည်း အသက် ၃၀အရွယ်ရှိ ဆီနီဂေါခံစစ်မှူးသည် မက်ကွိုင်းယားတွဲကစားချင်သော ကစားသမားမျိုးမဟုတ်ကြောင်း သတင်းများက ဖော်ပြသည်။

Crd-InArSpOrt

Leave a Comment

Your email address will not be published.