.

ဘရိုက်တန်နဲ့ကန်ရမယ့်ပွဲအတွက် ချန်လှပ်ခံခဲ့ရတဲ့ကြယ်ပွင့်(၂) ဦးအကြောင်း ကားရစ်ပြော

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) အဖြစ် အိုးထရက်ဖို့စ်ကွင်းမှာ ဘရိုက်တန် အသင်းကို လက်ခံကစားရဖို့ရှိနေပါတယ်..

မန်ချက်စတာယူနိက်တက်ဟာ ဇယားထိပ်မှ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း နဲ့ တပွဲလျော့ ၁၄ မှတ်အကွာမှာရှိနေသော်လည်း အနိုင်ရလဒ်ရဖို့ အားထုတ်ရအုံးမှာပါ…

မန်ချက်စတာယူနိက်တက် လက်ထောက်နည်းပြ မိုက်ကယ်ကားရစ်က ယင်းပွဲတွင် နည်းပြ ကြီးက ချန်ထားခဲ့မယ့် ကြယ်ပွင့်ကစားသမား နှစ်ဦးအကြောင်းကို ယခုလိုပြောလာပါတယ်..

.

ကားရစ်က ” နည်းပြကြီး အိုလေ အနေနဲ့ ဘာကြောင့်ချန်ထားခဲ့တယ်ဆိုတာကို ကျနော်မပြောပြတတ်ပါဘူး…အရင်ပွဲတုန်းကလည်း ကစားကွက် ကို ပွဲထဲရောက်မှပြောင်းကစားသွားတယ်…

အခုလည်း အဓိကကစားသမားတွေဖြစ်တဲ့ ဖာနန်ဒက် နဲ့ ဖရက်ဒ်တို့ကို အနားပေးထားခဲ့တယ်…ဘာကြောင့်လဲ ဆိုတာ ကျနော်တောင် နားမလည်းနိုင်တော့ဘူး…

.

ဒါပေမဲ့ အိုလေက အကြောင်းတခုခုမရှိဘဲ ဒီလိုမလုပ်တာမို့ ကျနော်တို့အကောင်းဆုံးဖြစ်လာမယ်လို့ ယုံကြည်ပါတယ်…” ဟု Sport Trible News မှာ ပြောသွားခဲ့ပါတယ်..

MUPS

Leave a Comment

Your email address will not be published.