.

လီဗာပူးလ်ရဲ့ မက်လောက်စရာကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ ယူနိက်တက် ကြယ်ပွင့်

မန်ချက်စတာယူနိက်တက် ဟာ အပြောင်းအရွေ့ကာလမှာ ခေါ်ယူမှု အောင်အောင်မြင်မြင်မပြုလုပ်နိုင်သေးဘူးဆိုတာ တော့ ယူနိက်တက် ပရိတ်သတ်တွေအသိဆုံးပါ…

ယခုအခါမှာတော့ ကိုယ့်အသင်းကလူကို ကမ်းလှမ်းခံနေရတာ ဒါနဲ့ဆို ငါးကြိမ်ရှိနေပါပြီ…လီဗားပူးလ်လို သမိုင်းတလျောက် ရန်သူလိုနေခဲ့ပြိုင်ဘက် အသင်းက မိမိ ကြယ်ပွင့်ကစားသမားကို ကမ်းလှမ်းလာပါပြီ…

.

ယနေ့ မှာ မန်ချက်စတာယူနိက်တက် ကြယ်ပွင့် တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းက လီဗားပူးလ်မှာ မက်လောက်စရာကမ်းလှမ်းမှုကို ကမ်းလှမ်းခဲ့ကြောင်း Sport Trible News မှာ ဖွင့်ဟပြောလာပါတယ်..

ဒန်နီရယ် ဂျိမ်းက ” ကျနော်ကို မနေ့တည်းက အေးဂျင့်က ဖုန်းဆက်နေခဲ့တာ…ကျနော်က မကိုင်ခဲ့မိဘူးလေ…ဒီနေ့မှ ကိုင်ဖြစ်တော့ သူကပြောပါတယ်…လီဗာပူးလ်က ကမ်းလှမ်းမှုရှိတယ်တဲ့…

လီဗာပူးအသင်းက တပတ်လစာ ပေါင် ၇၅၀၀၀ နဲ့ သုံးနှစ်စာချုပ်ချုပ်မယ်လို့ ကမ်းလှမ်းလာတယ်လို့ပြောပါတယ်…ကျနော်ကပြန်ဖြေပေးခဲ့ပါတယ်….

.

ကျနော် ယူနိက်တက်မှာ ဆက်ရှိနေအုံးမှာပါ….ယူနိက်တက်မှာ ရှိနေတဲ့အချိန်တွေမှ ဖလားရဖို့ ကြိုးစားသွားမှာဖြစ်သလို ပြောင်းဖြစ်ခဲ့ရင်တောင် လီဗာပူးလ်လိုအသင်းကို တော့ပြောင်းမှာမဟုတ်ပါဘူး လို့ ကျနော်က ဖြေပေးခဲ့ပါတယ်… ” ဟု Sport Trible မှာ ပြောသွားခဲ့ပါတယ်…

MUPS

Leave a Comment

Your email address will not be published.