.

မွန်မြတ်သော အလုပ်တခုနဲ့ သူရဲ့ စိတ်နေစိတ်ထားကို ပြသခဲ့တဲ့ ယူနိက်တက်ကြယ်ပွင့်

မန်ချက်စတာယူနိက်တက် လိုအသင်းကြီးမှာ ကစားရတဲ့ ကစားသမားတွေဟာ အသင်းရဲ့ အရှိန်အဝါ တွေ အောင်မြင်မှုတွေကြောင့် ကွင်းပြင်မှာ စိတ်ကြီးဝင်မှုတချို့ရှိကြပါတယ်..

နောက်ပြီး ရတဲ့လစာဝင်ငွေပမာဏဟာလည်း များပြားတဲ့အတွက် သာမာန်လူတန်းစားတွေ အဆင့်ကိုကျော်လွန်ပြီး အလွန်အကျွံသုံးစွဲကာ ဘဝပျက်သွားတဲ့ နာမည်ကျော်တွေ အများကြီးကို တွေ့ခဲ့၇ပါတယ်..

.

မန်ချက်စတာယူနိက်တက်လို အသင်းကြီးမှာ ကစားပြီး စိတ်ထားလည်းမွန်မြတ်ပြီး ဘဝကို ရိုးစင်းစွာ ဖြတ်သန်းတတ်တဲ့ ယူနိက်တက်ကြယ်ပွင့် လုရှောကတော့ ယနေ့မှာ မွန်မြတ်တဲ့အလုပ်တခုကိုလုပ်ခဲ့ပါတယ်…

လုရှောဟာ မန်ချက်စတာယူနိက်တက်ရဲ့ ဘယ်တောင်ပံခံစစ်မှူးဖြစ်ပြီး တပတ်လစာ ပေါင် ၁၅၀၀၀၀ ရရှိပြီး အဓိကကစားသမားတဦးအဖြစ် ယူနိက်တက်မှာ ခြေစွမ်းပြနေသူပါ….

လုရှောဟာ ယနေ့မှာ သူ့ရဲ့ လစာထဲက ပေါင် ၅၀၀၀ကို သွေးကင်ဆာဖြစ်နေတဲ့ ကလေးတွေကို ကယ်တင်ပေးနေတဲ့ ဖောင်ဒေးရှင်းဖြစ်တဲ့ leukaemia foundation ကို လှူဒါန်းခဲ့ပါတယ်…


.

နောက်ပြီး ကလေးငယ်တွေနဲ့ အချိန်ပေးကာ ဆော့ကစားဖို့ နိုင်ငံအသင်းပွဲစဉ်တွေအပြီးမှာ သွားရောက်အုံးမယ်လို့ သိရပါတယ်….လုရှောဟာ ပိတ်ရက်တွေမှာ အလှူအတန်းတွေနဲ့ ပျော်မွေ့နေတတ်ပြီး အပျော်အပါးကင်းစင်တဲ့ ကစားသမားတဦးလည်းဖြစ်ပါတယ်….

MUPS

Leave a Comment

Your email address will not be published.