.

ဒေါ့မွန် တိုက်စစ်မှူး နှစ်ဦးကြား မီးဝင်မွေးခဲ့တဲ့ ယူနိက်တက်ကြယ်ပွင့် ရတ်ဖို့စ်

မန်ချက်စတာယူနိက်တက် တိုက်စစ်မှူး ရတ်ဖို့စ်ကတော့ ပရိတ်သတ်တွေ နဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူးတယောက်အဖြစ် ရပ်တည်နေပါတယ်….

ယင်းတိုက်စစ်မှူးလေးဟာ ဒီနေ့မနက် Twitter မှာ ပရိတ်သတ်တယောက်က Tweet ထားတာကို Retweet ပြန်လုပ်ရင်း အသင်းအတွက် မီးမွှေးခဲ့ပါတယ်…

ဖြစ်ပုံက Kim ဆို တဲ့ Twitter အသုံးပြုသူတယောက် က ” ဘွန်ဒစ်လီဂါမှာ ဘယ်ကစားသမားကို အကြိုက်ဆုံးလဲ ” ဆိုပြီး Tweet လုပ်ထားပါတယ်….

အဲ့ဒါကို ကျနော်တို့ တိုက်စစ်မှူးလေး ရတ်စီက ” ဒီကိစ္စကိုပြောကြရအောင် ဘယ်သူ့ ဆီက မေးခွန်းတခုရနိုင်မလဲ ” ဆိုပြီး Retweet ပြန်လုပ်ခဲ့ပါတယ်…

ရတ်စီ ရဲ့ Retweet မှာ Kim ကဘဲ Reply လာခဲ့ပါတယ်…” ဘွန်ဒစ်လီဂါမှာ ဘယ်ကစားသမားကို အကြိုက်ဆုံးလဲ ” ဆိုပြီတော့ ရေးသားခဲ့ပါတယ်..

အဲ့ဒီရေးသားချက်ကို ရတ်စီ ပြန်ဖြေခဲ့တာက တိုက်စစ်မှူးနှစ်ဦးကြားမီးလောင်စေမယ့် ပုံစံမန့်ခဲ့ပါတယ်…သူကတော့ ဆန်ချိုကို အကြိုက်ဆုံးပါဘဲ လို့ပြန်ဖြေခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက် အသင်းက ဆန်ချို ကိစ္စ သွေးအေးသွားခဲ့ပြီး ဟာလန်းကို ခေါ်ယူဖို့ ရာခိုင်နှုန်းများနေချိန်မှာ ရတ်စီစကားကြောင့် ဟာလန်းလာဖို့တောင် စဉ်းစားသွားနိုင်ပါတယ်…

အဲ့ဒါအပြင် ယူနိက်တက်အသင်းအနေနဲ့လည်း ဟာလန်းကို ခေါ်ယူမှု နောက်ဆုတ်သွားနိုင်တာမို့ ပရိတ်သတ်တွေ နဲ့ အသင်းကြားပါ ပတ်ပြီး မီးမွှေးလိုက်တာလား ဆိုပြီး မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်…

Leave a Comment

Your email address will not be published.