.

လုရှောအား ပျားသကာရည်လောင်းပြီးသိုက်တူးဖို့ လုပ်နေတဲ့ မော်ရင်ဟို

မန်ချက်စတာယူနိကတ် ဘယ်တောင်ပံခံစစ်မှူး လုရှော ဟာ ဒဏ်ရာကနေပြန်လည်ရုန်းထလာပြီး ခြေစွမ်းပြလာတဲ့ ကစားသမားတဦးအဖြစ် ရပ်တည်လာပါတယ်…

လက်ရှိ ယူနိက်တက်မှာရော နိုင်ငံအသင်းဖြစ်တဲ့ အင်္ဂလန် အသင်းမှာ ခြေစွမ်းပြနေတာမို့ နည်းပြဟောင်းကြီး ဖာဂူဆန်ကတောင်မှတ်ချက်ပေးရတဲ့ ကစားသမားဖြစ်နေပါပြီ…

မန်ချက်စတာယူနိက်တက် မှာ တလတာအကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကရော ယခု မတ်လအတွက် ရောပါ ဆက်တိုက်ရယူထားနိုင်ခဲ့ပြန်ပါတယ်…

ယခုအခါမှာတော့ မန်ချက်စတာယူနိက်တက် နည်းပြဖြစ်ခဲ့ဖူးတဲ့ မော်ရင်ဟိုက လုရှောကို ခေါ်ချင်နေတဲ့ ပုံစံကို အင်တာဗျူးတခုမှာ ယခုလိုဖြေထားပါတယ်…

မော်ရင်ဟို က ” ကစားသမားခေါ်ယူမှုလို့ မေးတယ်နော်…ခေါ်ချင်ပါတယ်…ဒါပေမဲ့ ကျနော်က ကျနော် ကွင်းပြင်မှာ ဆက်ဆံရေးကောင်းတွေရှိနေတဲ့ကစားသမားတချို့ရှိပါတယ်…

နောက်ပြီး ကျနော် တချိန်က ယူရိုပါလိဂ် ရယူထားပေးခဲ့တဲ့ ယူနိက်တက်လို အသင်းမှာဆို ကျနော်နဲ့ ရင်းနှီးဆက်ဆံရေးရှိတဲ့ လုရှောလိုကစားသမား ရှိပါတယ်…

.

ကျနော်ခေါ်ယူမယ်ဆိုလည်း သူ့လို ကစားသမားကို ခေါ်ယူဖြစ်မှာပါ…..နောက်ပြီး အသင်းက ပြည့်စုံနေပြီမို့ ခေါ်စရာမလိုအပ်တော့ဘူးလို့လည်းထင်ပါတယ် ” ဟု CUOFFSIDE Interview မှာ ပြောသွားခဲ့ပါတယ်…

မော်ရင်ဟိုက တော့ လုရှောကို ခေါ်လိုရခဲ့မယ်ဆိုရင် ခေါ်ပြီး ယူနိက်တက် ကို လက်စားချေမယ်လို့ Rumors တွေက ခန့်မှန်းနေကြပါတယ်….

Leave a Comment

Your email address will not be published.