.

မန်ချက်စတာ ဝါရင့်တိုက်စစ်အတွဲဖန်တီးနိုင်ရေး လုပ်ဆောင်နေပြီဟု ဆိုးရှားလ်ပြော

မန်ချက်စတာယူနိက်တက် ဟာ အသင်းမှ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီ ပြောင်းရွေ့တော့မယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့အပတ်က ရေပန်စားခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက်မှ တာဝန်ရှိသူတွေဟာ ကာဗာနီ အသင်းမှမထွက်ခွာရေးအတွက် ဒီနေ့မနက်မှာ ဆွေးနွေးခဲ့ကြတယ်လို့ Official Web မှာ ဖော်ပြထားပါတယ်….

.

မန်ချက်စတာယူနိက်တက် နည်းပြကြီး ဆိုးရှားလ် အသင်းရဲ့တိုက်စစ်ကို ဝါရင့်တိုက်စစ်မှူးနှစ်ယောက်နဲ့ ပုံဖော်ဖို့ ကြိုးစားနေတယ်ဆိုတာ ယခုလိုပြောသွားခဲ့ပါတယ်…

ဆိုးရှားလ်က ” မန်ချက်စတာယူနိက်တက် မှ ကာဗာနီမထွက်ခွာရေးက အဓိကလုပ်ဆောင်နေတာပါ…သူကလည်း အသင်းမှာပျော်ရွှင်နေပါတယ်…

.

နောက်ပြီး မန်စီးတီးက နေ အဂူရို ပြောင်းလာမယ်ဆိုလည်း ကြိုဆိုနေပါတယ်….သူလာမယ်ဆို ကာဗာနီ နဲ့တွဲဖက်ပြီး တိုက်စစ်အတွဲ တခုကို ပရိတ်သတ်တွေမြင်ရမှာပါ….

ကျနော်ကတော့ ရော်နယ်ဒို နဲ့တွဲဖက်ဖို့ ကြိုးစားနေတာမို့ ကာဗာနီ ရော်နယ်ဒို အတွဲက ပရိတ်သတ်တွေ မြင်ရဖို့ ရှိပါတယ်…အဂူရိုလာမယ်မလာဘူးဆိုတာကတော့ မသေချာပါဘူး ” ဟု ပြောသွားခဲ့ပါတယ်…

Leave a Comment

Your email address will not be published.