.

ဟယ်ရီကိန်းနဲ့ အက်ဝုဒ် သီးသန့်တွေ့ဆုံခဲ့သည့် ပေါင်သန်း၂၀၀တန်အပြောင်းအရွေ့တကျော့ပြန်

မန်ချက်စတာယူနိက်တက်ဟာ အပြောင်းအရွေ့ စစ်မျက်နှာစာများစွာကို ဖွင့်ချထားပြီး နိုင်အောင်မတိုက်နိုင်သေးတာကို တွေ့ရပါတယ်…

ခေါ်ယူမှုများပြုလုပ်မယ်ဆိုပြီး သတင်းများထွက်ပေါ်လာသော်လည်း ကမ်းလှမ်းမှုစကားတချို့ ဆိုပြီးနောက် ဘာမှဆက်ဖြစ်မလာတော့ပါဘူး….

မန်ချက်စတာယူနိက်တက် အမှုဆောင်ကြီး အက်ဝုဒ်ဝပ်ကတော့ အပြောင်းအရွေ့မှာ ကစားသမားခေါ်ယူမှုကို အရှိန်မြင့်ပြီး လုပ်ဆောင်နေတယ်ဆိုတာကို အင်တာဗျူးတိုင်းမှာ တဖွဖွပြောဆိုလေ့ရှိပါတယ်…

.

ဒါပေမဲ့ လက်တလော အောင်မြင်တဲ့ခေါ်ယူမှုဆိုပြီး ပြစရာ တခုမှမရှိသေးတာကို ယူနိက်တက် ပရိတ်တွေအသိဆုံးဖြစ်ပါလိမ့်မယ်….

ယခုအခါမှာတော့ မန်ချက်စတာယူနိက်တက် အမှုဆောင်ကြီး အက်ဝုဒ်ကတော့ နည်းပြဟယ်ရီကိန်းနဲ့ အပြောင်းအရွေ့အတွက် လန်ဒန်မှာတွေ့ဆုံခဲ့တယ်လို့ ယူနိက်တက်မှပြောခွင့်ရသူတဦးကပြောပါတယ်…

.

ဟယ်ရီကိန်းကလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ Transfer or Future Plan ဆိုပြီးရေးထားတာကိုတွေ့ရပါတယ်…..

အင်္ဂလိပ်ဘောလုံးမီဒီယားတချို့ကတော့ ပေါင်သန်း ၂၀၀ တန် အပြောင်းအရွေ့ပြန်လာပြီ လို့ ခန့်မှန်းနေကြပါတယ်…

Leave a Comment

Your email address will not be published.