ချဲလ်ဆီးအသင်းကိုရူးခါနေအောင် ခြေစွမ်းပြပြီး ဖရီးကစ်က ဂိုးသွင်းပြသွားခဲ့တဲ့ ဒီယာလို(ရုပ်သံ)

အသင်းကြီးမှာ တန်းကစားရလိမ့်မယ်လို့ ထင်မှတ်ထားတဲ့ အာမက်ဒိုင်ယာလိုဟာU-23 အသင်းအတွက်ပေးပါဝင်ကစားနေတာပါ။

ဇန်နဝါရီလအတွင်းမှာ ယူနိုက်တက် အသင်းထံရောက်ရှိလာတဲ့ တောင်ပံကစားသမား ဒီယာလိုကိုတော့ ယူနိုက်တက်အသင်းကဆုံးဖြတ်ချက်အသစ်ချမှတ်ပြီး အသင်းကြီးမှာ ပေးမကစားခဲ့တာပါ။

ဆိုလ်းရှားက ဒိုင်ယာလိုကို အိုးထရက်ဖို့ရောက်ရောက်ချင်းတည်းက မကြာခန ချီးကျုးခဲ့ပြီးတော့ အသင်းကြီးနဲ့အတူ ကစားခိုင်းဖို့ အစီအစဉ်ရှိတယ်လို့ ပြောထားဖူးတာတွေရှိနေတာပါ။

ဖူလ်ဟမ်နဲ့ကစားမယ့်ပွဲစဉ်မှာတည်းက ကစားသမားသစ် အာမက်ဒ်ဒိုင်ယာလို ပါဝင်လာနိုင်တယ်လို့ ယူနိုက်တက်ပရိသတ်တွေက မှတ်ယူခဲ့ကြပေမယ့် အဲ့ဒိတုန်းကလည်းမပါဝင်ခဲ့ပါဘူး။

ဒိုင်ယာလိုဟာ အီတလီကလပ် Atalanta အသင်းက ယူနိုက်တက်ကိုပေါင် ၃၇ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။Atalanta အသင်းကတော့ အသက် ၁၈ နှစ်အရွယ် လူငယ်တောင်ပံတိုက်စစ်မှူးကို ယခုရာသီကုန်အထိ အငှားချပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်က တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် အငှားမချပေးခဲ့ပါဘူး။

အခုဆိုရင် ဒီယာလိုဟာ လူငယ်အသင်းမှာ မှော်ဝင်ခြေစွမ်းတွေပြနေပြီး ချယ်ဆီးနဲ့ပွဲမှာလည်း တစ်ဖက်အသင်းသားတွေကို အရူးလုပ်ကစားနိုင်လောက်အောင် ကောင်းမွန်ဆန်းပြားတဲ့ခြေစွမ်းတွေနဲ့ကစားပြခဲပြီး၄ဂိုး၂ဂိုးနဲ့နိုင်တဲ့အဲ့ဒီပွဲမှာ ဖရီးကစ်ကတစ်ဆင့်လည်းဂိုးသွင်းယူပြခဲ့ပါတယ်။

သူ့ရဲ့ကောင်းမွန်လွန်းတဲ့ခြေစွမ်းတွေကြောင့် ဂရင်းဝုဒ်နေရာမှာ အသုံးပြုကစားသွားဖို့ စောင့်ကြည့်နေတယ်လို့လည်း မီဒိယာတွေကဖော်ပြနေကြပါတယ်။ ဒီတော့ပါရမီရှင်ကစားသမားဒီယာလိုကို အသင်းကြီးမှာ မကြာခင်မြင်တွေ့ရလာနိုင်ပါတယ်။

Leave a Comment

Your email address will not be published.