ဂလေဇာနဲ့ယူနိက်တက်လမ်းခွဲအကြောင်းမေးလာတဲ့ သတင်းထောက်ကို ဂလေဇာဘာပြန်ပြောလိုက်လဲ

ယူနိုက်တက်အသင်းကို ရောင်းချသွားဖိုရှိမရှိနဲ့ပက်သက်ပြီး ဂလေဇာမိသားစုကို သတင်းထောက်တစ်ဦးကမေးခွန်းထုတ်ခဲ့ပါတယ်။Unitedအသင်းရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့ဂလေဇာမိသားစုနဲ့ဒုဥက္ကဌလည်းဖြစ်အသင်းရဲ့အလုပ်မှုဆောင်လည်းဖစ်တဲ့အက်ဝုဒ်ဝက်စ်တို့ကိုအသင်းကနေထွက်စေချင်တာUnited fan
များရဲ့ ဆန္ဒတွေထဲကတစ်ခုဖြစ်ပါတယ်

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တွေ ဖြစ်ကြတဲ့ ဂလေဇာမိသားစုဟာ လတ်တလောမှာ ဘောလုံးလောက အတွင်း ဆိုးဆိုးဝါးဝါး ဝေဖန်မှုတွေ ခံနေရတဲ့ စူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ ကြိုးစားမိရာကနေ မအောင်မြင်ခဲ့တာကြောင့် လက်ရှိမှာ အသင်းကို ရောင်းချဖို့အထိ စဉ်းစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း အပါအဝင် အင်္ဂလန်ရဲ့ ထိပ်တန်းအသင်းတွေ ဖြစ်တဲ့ မန်စီးတီးအသင်း ၊ စပါးအသင်း ၊ အာဆင်နယ်အသင်း ၊ ချယ်လ်ဆီးအသင်း ၊ လီဗာပူးအသင်းတို့ဟာ စီးရီးအေအသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ်အသင်း ၊ အင်တာမီလန်အသင်း ၊ အေစီမီလန်အသင်း ၊ လာလီဂါအသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်အသင်း ၊ ဘာစီလိုနာအသင်း ၊ အက်သလက်တီကိုအသင်းတို့နဲ့ စူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ ကြိုးစားခဲ့ကြတာပါ။

အဆိုပါ စူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ် ၊ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စီအီးအိုလည်းဖြစ် ဒုတိယ ဥက္ကဌလည်း ဖြစ်တဲ့ အက်ဝုဒ်ဝက်တို့က အဓိက ကြိုးကိုင်ခဲ့ကြတာ ဖြစ်ပြီး ကနဦးမှာ စူပါလိဂ်ပြိုင်ပွဲကို ဘောလုံးပရိသတ်တွေ သောင်းသောင်းဖျဖျ ကြိုဆိုကြလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် စူပါလိဂ်ပြိုင်ပွဲ ကျင်းပတော့မှာ ဖြစ်ကြောင်း စတင် ကြေညာချိန်မှာ ဘောလုံးပရိသတ် အများစုဟာ စူပါလိဂ်ပြိုင်ပွဲကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

အထူးသဖြင့် အင်္ဂလန် အခြေစိုက် ထိပ်တန်းအသင်း ၆သင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ ကွင်းတွေရှေ့အထိ လူစုလူဝေးနဲ့ လာရောက်ကာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အပါအဝင် အခြားအသင်း ၅သင်းဟာ ယမန်နေ့ညမှာ စူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ကြပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ အက်ဝုဒ်ဝက်ကလည်း သူဟာ ယခုနှစ်ကုန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

အက်ဝုဒ်ဝက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပိုင်ဆိုင်တဲ့ ဂလေဇာမိသားစုရဲ့ လူယုံတော်တစ်ဦး ဖြစ်တာကြောင့် အက်ဝုဒ်ဝက်တစ်ယောက် အသင်းကို စွန့်ခွာတာဟာ ဂလေဇာမိသားစုအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောင်းချဖို့ စဉ်းစားနေတဲ့ အချက်ကို မီးမောင်းထိုးပြနေကြောင်း နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြ ရေးသားထားပါတယ်။

နာမည်ကြီး သတင်းထောက်တစ်ဦး ဖြစ်သူ Steave Dave ကလည်း စူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တဲ့ အင်္ဂလန်အသင်းကြီး ၆သင်းထဲက တစ်သင်းရဲ့ ပိုင်ရှင်ဟာ သူ့ရဲ့အသင်းကို ပြန်လည် ရောင်းချတော့မှာ ဖြစ်ကြောင်း ဆိုနေတာကြောင့် ဂလေဇာမိသားစုနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လမ်းခွဲကို မကြာမီမှာ မြင်တွေ့ရဖွယ် ရှိနေတယ်လို့ ပရိတ်သတ်တွေကယူဆနေကြပါတယ်။

အသင်းအပေါ်စီးပွားရေးအတွက်ကြည့်ပြီးအသင့်ရဲ့အောင်မြင်မှုတွအသင်းရဲ့ရပ်တည်မှုအပေါ်အလေးမထားတဲ့ဂလေဇာအုပ်စုနဲ့
အက်ဝုဒ်တို့အပေါ်မှာUnited fanတွေကမကျေနပ်မှုတွေအမုန်းတရားတွေဟာတစ်နေ့တစ်ခြားဒီရေအလားတိုးပွားလာပါတယ်

သို့သော် အသင်းကိုစီးပွားရေးအတွက်သာလုပ်ပီးအသင်းဆီကအမြတ်ထုတ်ဂုတ်သွေးစုပ်နေတဲဂလေဇာမိသားစုအနေနဲ့Unitedအသင်းကို
မည်သူ့ကိုမျှမည်သည့်ဈေးဖြင့်ရောင်းချမည်မဟုတ်နိုင်ဟုသုံးသပ်မှုတွေလည်းရှိနေပါတယ်။

အသင်းမှရသလောက်ကိုမျှင်းပြီးအမြတ်ထုတ်သွေးစုပ်ဖို့သာရှိနေပုံရသည်‼️ပေါင်သန်းများစွာဖြင့်Unitedအသင်းကိုဝယ်ယူရန်ဂလေဇာမိသားစုကိုဆော်ဒီမင်းသားလည်းဖစ်ဘီလျံနာသူဋ္ဌေးလည်းဖစ်သူ၏ကမ်းလှမ်းမှုကိုပယ်ချခဲ့သည်ကိုကြည့်လျှင်ပင်သိနိင်ပြီးရန်ုင်သမျှရအောင်ယူမည့်အကြံအစည်ရှိနေသည်မှာထင်ရှားသည်
ယခုလည်း ကမ္ဘာကျော်ဖိုက်တာတစ်ဦးက ယူနိုက်တက်အသင်းကိုဝယ်ယူရန် ကြိုးစားနေတယ်ဆိုသည့် အသံများထွက်လာသည်။

ယင်းနှင့်ပက်သက်ပြီး Mirror သတင်းသမား တစ်ဦးက ယူနိုက်တက်အသင်းပိုင်ရှင်ဂလေဇာမိသားစုမှ အေဗရန်ဂလေဇာဟာ မေးမြန်းမှုတစ်ချို့ကိုပြုလုပ်ခဲ့သည်။ ဥရောပစူပါလိဂ်ပြိုင်ပွဲဝင်ရန် အစီအစဉ်ကျရှုံးခဲ့သည့်အတွက် အေဗရန်ဂလေဇာမှ ယူနိုက်တက်ပရိသတ်များကို တောင်းပန်ဖို့ငြင်းပယ်ခဲ့ သည်။ ဒါ့အပြင် ယင်းမီဒီယာမှ မင်းအနေနဲ့ ယူနိုက်တက်ကို ရောင်းသွားမလား?´ဟုမေးမြန်းခဲ့ရာ အေဗရန် ဂလေဇာမှ ပြောစရာစကားမရှိဘူး´ ဟုပြန်လည်ဖြေကြားခဲ့သည်။

သို့သော်အားကစားသတင်းဌာနများရဲ့ သုံးသပ်ချက်အရ ဂလေဇာနဲ့ယူနိုက်တက်လမ်းခွဲဟာ မကြာခင် ဖြစ်လာနိုင်တော့မယ်လို့ရေးသားနေကြပါတယ်။

MH














MH

Leave a Comment

Your email address will not be published.