အမှတ်မလိုတဲ့ အသင်း ၂သင်းကန်သလို ၁မှတ်စီခွဲယူပြီး ပျင်းရိဖွယ် ပီးသွားတဲ့ နှင်းဆီဒါဘီပွဲ

တိုက်စစ်အားသန်အသင်း ၂သင်းဖြစ်လို့ အပြန်အလှန်သွင်းခိုးတွေနဲ့ အကြိတ်အနယ် အပြီချဲကြမယ်လို့ ပရိတ်သတ်တွေ မျှော်လင့်ထားတဲ့ နှင်းဆီဒါဘီပွဲကတော့ ဂိုးမရှိသရေ ရလာဒ်နဲ့ပြီးဆုံးခဲ့ပါပြီ။

ပထမအကျော့မှာ ၆ ..၂ဖြစ်လို့ ဒုတိယအကျော့အပြီကြမ်းမယ်လို့ မျော်လင့်ထားတဲ့ ပရိတ်သတ်တွေအတွက်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ခဲ့ရပါတယ်။သမိုင်းတစ်လျောက် ယူနိုက်တက်ဆိုရင် အကြမ်းပတမ်းနွဲတတ်တဲ့ လိဒ်နဲ့ အရေးကြီးချိန် ထထပြီးဂေါက်ပလပ်ကျွတ်တတ်တဲ့ ဆိုလ်းရှာနဲ့ ဂိလာနတစ်သိုက်တို့ဟာ အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့လို့ တစ်မှတ်စီခွဲယူလိုက်ရပါတယ်။

နှင်းဆီဒါဘီဟာ နည်းပြဆိုးရှားရဲ့ ရွှေညဏ်တော်စူးရောက်ပြီး လူချန်ကစားမှု၊ တိုက်စစ်နှစ်ဖက်အပြန်အလှန် ထိန်းကစား သတိထားကစားမှုတို့ကြောင့် ပျင်းရိဖွယ် ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာပါ။

ယူနိုက်တက်တို့ဟာ လိဒ်အသင်းကိုတပွဲလုံး ပိုမိုဖိကစားနိုင်ခဲ့ပေမယ့် ဆိုဒ်ပိနေတဲ့ ရက်ရှ်ဖို့ဒ် ဦးဆောင်တဲ့တိုက်စစ်၊ ဒူးချောင်နေတဲ့ ဂရင်းဝုဒ်နဲ့ ဂျိမ်းစ်ရဲ့ သောက်တလွဲလုပ်အသုံးမကျမှု၊ ဘရူနိုရဲ့ ဂိုးဖြုန်းမှု၊ ဂေါင်းကြီးရဲ့ ဘေးတိုက် ခေါင်းတိုက်ကွက်တို့နဲ့အတူ အမှတ်ရဖို့ အရေးကြီးနေချိန်မှာ သရေရလာဒ်နဲ့သာကျေနပ်ခဲ့ရပါတယ်။

ဒီကနေ့ပွဲမှာ နည်းပြ ဆိုးရှားဟာ ကြားရက်မှာ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ဆီမီးပွဲစဉ်တွေအတွက် လူချန်ကစားခဲ့တာကိုတွေ့ရပြီး ထုံးစံအတိုင်း ဆီမီးပြုတ်ပြီး ပြန်မလာပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာဖြစ်ပါတယ်။ ထုံးစံအတိုင်းဆီးမီးမှာပြုတ်ခဲ့ရင်တော့ ဖွတ်မရ ဓါးမပါဆုံးရမယ့်ကိန်းဆိုက်နိုင်ပါတယ်။

ဒီနေ့ပွဲမှာ ထိပ်တန်း ဂိုးသွင်းရှင် ကာဗာနီနဲ့ ကွင်းလယ်ဗိုလ်ချုပ် ပေါ့ဘာတို့ ကို ပွဲပြီးခါနီးမိနစ်၈၀ကျော်မှမှ နည်းပြဆိုလ်းရှားကသုံးခဲ့လို့ ပွဲ အဖြေကို အပြောင်းအလဲမလုပ်နိုင်ခဲ့ပါဘူး၊

ယခုသရေရလဒ်ကြောင့် ယူနိုက်တက်တို့ဟာ အဆင့်နှစ်နေရာကနေ ဆင်းပေးစရာအကြောင်းမရှိပေမယ့် စီးတီးနဲ့ အမှတ်တွေပိုပြတ်နေပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ဖလားကို ရင်ခုန်ဖို့ မျှော်လင့်ချက်က တော့……..ဆုတောင်းလေ လို့ပဲပြောရတော့မှာပါ. အောက်မှာဖီဖီဆိုလ်းရဲ့ ပွဲမစခင်နဲ့ပွဲပြီးအင်တာဗျူးလေးပါ ဖော်ပြပေးလိုက်ပါတယ်။

ပွဲမစခင် – “0-0 လုံးဝမဖြစ်နိုင်ပါဘူး။ ဒီပွဲ 0-0 မဖြစ်ဖို့ ကျွန်တော် အာမခံပါတယ်။ ဒါက တိုက်စစ်ဖွင့်တဲ့ အသင်း ၂ သင်း ဖြစ်ပါတယ်။ သူတို့က Counter ကစားတဲ့အခါ အန္တရာယ်များတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။”

ပွဲပြီး – “ဘောလုံးမှာ အာမခံ ဆိုတာမရှိပါဘူး။ အဲ့တာတော့ သေချာတယ်။”

Leave a Comment

Your email address will not be published.