Leedကစားသမားတွေ မုန်းတီးမနှစ်မြို့တဲ့ ယူနိုက်တက် ကစားသမား ၈ယောက်

မန်ဖန်ပရိတ်သတ်ကြီးရေ ဒီနေ့ည ၇နာရီခွဲမှာဆို မန်ချက်စတာယူနိုက်တက်နဲ့လိဒ်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ယူနိုက်တက်အသင်းနဲ့လိဒ်အသင်းတို့ဟာ၂၀၀၃နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လိဒ်မြေမှာသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ပြိင်ဆိုင်မှုက အရင်လိုပရိတ်သတ်တွေများစွာနဲ့ အုတ်အော်သောင်းနင်း စည်စည်ကားကားနဲ့မဟုတ်တော့ပေမယ့် ဒီအသင်း ၂သင်းဟာပြိင်ဆိုင်မှုပြင်းထန်တဲ့အသင်း ၂သင်းပါ။

သရဲနီတွေဟာ လိဒ်ကို ဒီရာသီအစပိုင်းမှာ အိုးထရက်ဖို့ဒ်မှာ အနိုင်ယူခဲ့ကြပြီးဖြစ်ပါတယ်။ဆက်လက်ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကြောင့် ပရိတ်သတ်တွေရှိမှာမဟုတ်ပေမယ့် လိဒ်ကစားသမားတွေနဲ့ ပရိတ်သတ်တွေ သမိုင်းတစ်လျောက် အထင်ကြီးပေမယ့် မုန်းတီးမနှစ်မြို့တဲ့ ယူနိုက်တက်က ကစားသမား ၈ယောက်ရှိတယ်လို့ Dailu Mailသတင်းကဖော်ပြထားပါတယ်။

အရင်နှစ်တွေမှာ ယူနိုက်တက်အသင်းထဲမှာ မှော်ဝင်ခြေစွမ်းထက် သရဲနီတပ်သားကြီးတွေ အများအပြားရှိခဲ့သလို ပြိုင်ဆိုင်မှုက ပြင်းထန်တဲ့အတွက် လိဒ်ကစားသမားတွေ ကွင်းထဲမှာ လူချ အသေကပ်ပြီး မနှစ်မြို့တဲ့ ကစားသမားတွေရှိခဲ့တယ်လို့နာမည်ကျော် Leed Fanzine the Square Ball က မိုက်ကယ် နော်မန်တန်ကဆိုပါတယ်။

“အဲ့ဒီနှစ်တွေတစ်လျောက်လုံး ယူနိုက်တက်ဟာ ပြိင်ဖက်တွေအားလုံးက သူတို့ကို မနိင်တော့ဘူးဆိုပြီးတော့တောင် ခံစားစေခဲ့ကြပါတယ်။ သူတို့အသင်းဟာ နောက်တန်း အလယ်တန်းရှေ့တန်းမှာ အခိုင်မာ အကျစ်လစ်ဆုံး အကောင်းဆုံးတွေလို့တောင်ဆိုရပါမယ်။

လိဒ်နဲ့ယူနိုက်တက်ပွဲတွေပြန်ကြည့်ရင် ‘စတိဗ်ဘရုစ် ရီယိုဖာဒီနန် အလန်စမစ် ရိုင်ကိန်း ဂရီနဗီး ဘက်ဟမ်း စခိုးလ် ရိုနယ်ဒိုတို့လိုလူတွေပေါ့။ ယူနိုက်တက်မှာ လိဒ်အပါအဝင် တခြားပြိုင်ဘက်အသင်းတွေ မုန်းတီးမနှစ်မြို့စရာကောင်းတဲ့ ကစားသမားအနဲဆုံး ၄ ၅ယောက်ရှိတယ်။ အခုချိန်မှာတော့ ယူနိုက်တက်မှာ ဘရူနိုဖာနန်ဒက်လောက်ပဲ”

ယူနိုက်တက်ကစားသမားတွေကို လိဒ်ကစားသမားတွေလိုပဲ လိဒ်ပရိတ်သတ်တွေကလည်းမချစ်ကြပါဘူးဗျာ။ ဘာလို့ဆို မုန်းဖို့ကောင်းလောက်အောင်သူတို့ကိုစိတ်ပျက်စေခဲ့လို့ပေါ့။လို့နော်မန်တန်ကဆိုပါတယ်။

လက်ရှိယူနိုက်တက်မှာ လိဒ်ကစားသမားတွေ အားကစားသမားစိတ်ဓါတ်နဲ့ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ဖို့ ဒေါသထွက်ဖို့ကောင်းတဲ့လူကတော့ ဘရူနိုဖာနန်ဒက်လို့လည်းသူကဆိုပါတယ်

“ယူနိုက်တက်မှာအရင်ကလူတွေနဲ့ယှဉ်နိုင်တာ သူတစ်ယောက်ပဲရှိတယ်မလား။ ဖာနန်ဒက်က တခြားပွဲတွေထက် လိဒ်နဲ့ပွဲဆို သွေးဆူပြီး ဒေါသထွက်လွယ်နေတယ်။ အဲ့ဒီလိုပဲ လိဒ်ကစားသမားတွေက သူ့ကိုအထင်ကြီးပေမယ့် ပြိုင်ဘက်အနေနဲ့တော့မုန်းကြပါလိမ့်မယ်”

MH









MH

Leave a Comment

Your email address will not be published.