ဆိုးလ်ရှားရဲ့နံပါတ်တစ် Target ကို ခေါ်ယူဖို့ ယူနိုက်တက်ကစားသမား ၇ဦးကိုရောင်းချသွားဖွယ်ရှိနေ

ဒါ့မွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်ကစားသမား ဟာလန်းကို ခေါ်ယူဖို့ ယူနိုက်တက်က ကစားသမား ၇ဦးလောက်ထိကို ရောင်းချသွားဖွယ်ရှိနေတယ်လို့ ယူနိုက်တက်ညနေခင်းသတင်းကဖော်ပြထားပါတယ်။

ဆိုလ်းရှားသာယူနိုက်တက်နဲ့ ၂နှစ်သက်တမ်းစာချုပ်သစ်ကိုချုပ်ဆိုမယ်ဆိုရင်လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဆိုလ်းရှားလိုချင်တဲ့ ပစ်မှတ်တွေကို ရအောင် လုပ်ပေးဖို့ အသင်းတာဝန်ရှိသူတွေက နှုတ်အားဖြင့် ကတိပြုထားပြီးတော့ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ဂလေဇာမိသားစုက ဂျိူးဂလေဇာက ဆိုလ်းရှားကို ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။

အဲ့ဒီတွေ့ဆုံမှုမှာ နွေရာသီအပြောင်းအရွှေဈေးကွက်အတွက် ဆိုးရှားကို အတတ်နိုင်ဆုံးထောက်ပံပေးသွားမယ်လို့ ဂလေဇာက ပြောကြားခဲ့တယ်လို့သိရပါတယ်။

အသင်းပိုင်ရှင်တွေနဲ့တာဝန်ရှိသူတွေက ဆိုလ်းရှားရဲ့ကျန်ရှိနေတဲ့သက်တမ်းအတွင်း အသင်းရဲ့အောင်မြင်မှုမှတ်တိုင်တွေစိုက်ထူနိုင်ဖို့ဆို လူသစ်ခေါ်ယူရေးစီမံချက်က မဖြစ်မနေလုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရလာဒ်ကောင်းတစ်ချို့ရခဲ့ပေမယ့် ဖလားအိမ်မက်နဲ့ဝေးနေသေးတဲ့ဆိုလ်းရှားဟာ လာမယ့် နွေရာသီမှာ အထူးပစ်မှတ်တစ်ခုရှိနေတယ်လို့ဆိုပါတယ်။

တိုက်စစ်အတွက် ဆိုလ်းရှားထားထားတဲ့ ပစ်မှတ်ကတော့ ဒေါ့မွန်အသင်းက ဟာလန်းဖြစ်ပြီးတော့ ဒေါ့မွန်ဘက်က ယူရို ်သန်း ၁၈၀ထိဈေးခေါ်ယူထားတာလည်းဖြစ်ပါတယ်။

အသင်းရဲ့လက်ရှိအနေအထားအရ မကြာခင်ထွက်ခွာသူတွေများလာမှာဖြစ်ပေမယ့် အသင်းက မထွက်ခွာစေချင်တဲ့သူတွေလည်းရှိနေပါတယ်။
ဆိုလ်းရှားအနေနဲ့ နှစ်အတော်ကြာအောင် သည်းခံခဲ့ရတဲ့ တိုက်စစ်မှူးမာရှယ်ကို ရောင်းထုတ်ပြီး အက်ဒီဆင် ကာဗာနီကို သက်တမ်းတိုးဖို့လည်းဖြစ်လာနိုင်ပါတယ်။

ဆိုလ်းရှားအနေနဲ့ ဒေါ့မွန်က ဟာလန်းကို သူ့ရဲ့ နိုင်ငံလက်ရွေးစင်အသင်းကစားသမားဟောင်းလေးတစ်ဦးဖြစ်သလို တိုက်စစ်အစွမ်းထက်မြက်တဲ့ ကစားသမားဖြစ်တဲ့အတွက် အထူးလိုချင်နေတာဖြစ်ပါတယ်။

ဆိုလ်းရှားက ဟာလန်းကို ခေါ်ယူဖို့ ယူနိုက်တက်တာဝန်ရှိသူတွေကို တောင်းဆိုထားပြီးတော့ အသင်းဘက်ကလည်း နွေရာသီမှာ လူခေါ်ခွင့်ပေးမယ်လို့ကတိပြုထားတယ်။

ဒီလိုအခြေအနေအရ ယူနိုက်တက်ဟာ ဒီဂီယာ ရိုမဲရိုး လင်ဂတ် အပါအဝင် ကစားသမား ၇ယောက်လောက်ကို ရောင်းထုတ်ဖို့အထိဖြစ်လာနိုင်ပါတယ်။ ပေါ့ဘာကတော့ လက်ရှိအချိန်မှာ မသေချာသေးလို့ ခနဖယ်ထုတ်ထားပြီး ကစားသမား၇ယောက်လောက်ကို ရောင်းချလိုက်မယ်ဆို ပေါင်သန်း၇၀လောက်ရရှိလာနိုင်မှာဖြစ်ပါတယ်။

ဒီကစားသမားတွေနဲ့ခွင့်ပြုထားတဲ့ သန်း၈၀ပေါင်းရင်ပေါင်သန်း ၁၅၀လောက်ထိ ရရှိမှာဖြစ်ပါတယ်။ဆိုလ်းရှားဘက်က ဟာလန်းကိုခေါ်ချင်တဲ့ နံပါတ် ၁ Targetဖြစ်နေပေမယ့် ခက်နေတာက ဒေါ့မွန်က တစ်နေ့က သူတို့ကစားမားကို ယူရိုသန်း၁၈၀ ပေါင် ၁၅၄သန်းပေးတဲ့အသင်းကိုရာင်းချသွားမယ်လို့ဆိုထားပါတယ်။

ဟာလန်းဟာ နောက်ရာသီမှာဆိုရင် ယူရို ၇၅သန်း လျော်ကြေးစာချုပ်နဲ့ထွက်ခွာသွားနိုင်တဲ့ အခြေအနေရှိနေတဲ့အတွက် ဒီအခြေအနေကို မလိုချင်တဲ့ ဒေါ့မွန်အသင်းဟာ ဒီနွေရာသီမှာတင် ဟာလန်းကို ရောင်းချသွားဖွယ်ရှိနေပါတယ်။ ယူနိုက်တက်မှာလိုအပ်နေတဲ့ တိုက်စစ်ပိုင်းကိုထပ်မံအားဖြည့်ဖို့အတွက် ယူနိက်တက်တာဝန်ရှိသူတွေဘက်က ဟာလန်းကို တစ်ကယ်ခေါ်ယူပေး မပေးကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်

MH

Leave a Comment

Your email address will not be published.