နည်းပြကြီးဖာဂူဆန်တောင် မလုပ်နိုင်ခဲ့တဲ့ အရာကို စွမ်းဆောင်ပြခဲ့တဲ့ ဆိုလ်းရှားရဲ့ စံချိန်သစ်

၂၀၂၁ကနေ ၂၀၁၃ထိ စာချုပ်သက်တမ်း ၂နှစ်ထပ်တိုးလာဖို့ရှိနေတဲ့ ဆိုလ်းရှားအတွက် မကြာခင်မှာ ယူနိုက်တက်ကို အောင်မြင်မှုလမ်းကြောင်းပေါ် ပို့နိုင်မလားဆိုတာ အသင်းရဲ့ တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။

ဆိုလ်းရှားဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့သက်တမ်းအတွင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ အမြောက်အမြားကို ပြသခဲ့ပြီးပြီဖြစ်ပေမယ့် ဖလားအိမ်မက်ကတော့ အခုချိန်ထိ ခြောက်ကပ်နေတုန်းပါပဲ။

ဆီမီးဖိုင်နယ် ကျိန်စာ သင့်နေသလားထင်ရလောက်အောင် ဖလားနဲ့ ကပ်လွဲလွဲနေခဲ့ရပေမယ့် ဒီနှစ်ရာသီမှာ နည်းပြဆိုးလ်ရှားဟာ နည်းပြကြီးဖာဂူဆန် အပါအဝင် မော်ရင်ဟို ဂွာဒီယိုလာနဲ့ ဘယ်နည်းပြမှ မလုပ်နိုင်ခဲ့သေးတဲ့ ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိစံချိန်ကို ရရှိခဲ့ပါတယ်။

ဒါဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း အသင်းရဲ့အကောင်းဆုံးပရီးမီးယားလိဂ်အဝေးကွင်းစွမ်းဆောင်ရည် ဖြစ်လာခဲ့တာပါ။မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ (၁၇)ရက်နေ့ က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်ယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနှင့်ပွဲ စဉ်မှာ (၂-ဝ)ဂိုးနဲ့ အနိုင်ရသည့်ပွဲ မှစပြီး နောက်ဆုံး Ellan Roadအဝေးကွင်းမှာ လိဒ်နဲ့ ဂိုးမရှိသရေကျသည့်ပွဲစဉ်အထိ ပရီးမီးယားလိဂ်အဝေးကွင်း ရှုံးပွဲမရှိစံချိန်ကိုရရှိခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်းရှုံးပွဲမရှိခဲ့တာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး တစ်ရာသီလုံးကို ရှုံးပွဲမရှိသေးတာလည်းဖြစ်ပါတယ်။
ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်း အဝေးကွင်း ၁၉ပွဲနိုင် ၁၀ပွဲ သရေ ၄ ပွဲရှုံးရလာဒ်ကို ရရှိခဲ့ပြီး ဖလားအိမ်မက်ကတော့ ပျောက်ပြယ်သွားပြီဖြစ်တယ်။ လိဒ်ကို အနိုင်မကန်နိုင်ခဲ့တာကြောင့် ပြိုင်ဘက်မန်စီးတီးအသင်းက ၂ပွဲနိုင်ရုံနဲ့ ဖလားကို ရရှိသွားတော့မှာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဟာ အဝေးကွင်း၁၇ပွဲမှာ ၁၀ပွဲနိုင် ၇ပွဲသရေ နဲ့ ရှုံးပွဲလုံးဝမရှိတဲ့ စံချိန်တစ်ခုကို ရရှိခဲ့ပါတယ်။လက်ရှိမှာ ဆိုလ်းရှားဟာစွမ်းဆောင်ရည်ကောင်းများစွာ ပြသနိုင်ထားလို့ စာချုပ်သက်တမ်းတိုးဖို့ရှိနေပေမယ့် သူ့ရဲ့ဖလားကျိန်စာကို ပရိတ်သတ်တွေက စိတ်ပျက်ဒေါသထွက်နေကြပါတယ်။

မကြာခင်မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဆီးမီးဖိုင်နယ်အတွက် ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး သူတို့အတွက် ဖလားအိမ်မက်ကို ဆက်မက်နိုင်မလားဆိုတာကတော့ စံချိန်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆိုလ်းရှားရဲ့ ကိုင်တွယ်မှုအပေါ် စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

အဲ့ဒီလိုပဲဆိုလ်းရှားရဲ့နောက်ထပ်စံချိန်သစ်တစ်ခုကတော့ ဖာဂီဟာ သူ့ရဲ့မန်ချက်စတာယူနိုက်တက် နည်းပြဘ၀ (၂၆) နှစ် သက်တမ်းမှာ ပြည်တွင်းဖလားပြိုင်ပွဲများ၌ ၂ ကြိမ်သာ ရှုံးနိမ့်ဖူးထားပြီး ၎င်းရဲ့ တပည့် ဖြစ်သူ အိုလီဂန်နားဆိုလ်းရှားကတော့ ယူနိုက်တက် နည်းပြ သက်တမ်းဘ၀ နှစ်နှစ်ကျော်ကျော် ကာလအတွင်းမှာ အဆိုပါစံချိန်ကိုလိုက်မှီသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

MH

Leave a Comment

Your email address will not be published.