ဒီရာသီဖလားလက်မဲ့ဖြစ်ခဲ့ရင်တောင် ဆိုလ်းရှားကို လုပ်ခလစာပိုပေးပြီး ၂နှစ်သက်တမ်းတိုးမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြအိုလေဆိုလ်းရှားကို စာချုပ်သစ်ထပ်ချုပ်ဆိုဖို့ စတင်ဆွေးနွေးနေပြီလို့ မန်ချက်စတာယူနိုက်တက်ညနေခင်းသတင်းကဖော်ပြပါတယ်။

လက်ရှိမှာ ဆိုလ်းရှားနဲ့ချုပ်ဆိုထားတဲ့စာချုပ်က တစ်နှစ်သက်တမ်းပဲ ကျန်တော့တာကြောင့် ဆိုလ်းရှားကို နောက်ထပ် စာချုပ်ချုပ်ဆိုနိုင်ဖို့
ဆွေးနွေးနေတာဖြစ်ကြောင်းသိရပါတယ်။

အခုဆွေးနွေးမှုအရ မန်ချက်စတာယူနိုက်တက်ဟာ ဆိုလ်းရှားကို လုပ်ခလစာပိုတိုးပေးပြီး ၂နှစ်သက်တမ်းတိုးမယ်လို့ဆိုထားတယ်။ဒါကိုကြည့်ခြင်းအားဖြင့် ဆိုလ်းရှားဟာ လာမယ့် ၂၀၂၃အထိ ယူနိုက်တက်မှာ ရှိသွားဖို့ဖြစ်နိုင်တယ် လို့ ယူနိုက်တက်ညနေခင်းသတင်းကဖော်ပြပါတယ်။

ဆိုလ်းရှားဟာ ယူနိုက်တက်ကို ကိုင်တွယ်စဉ်တစ်လျောက် ဝေဖန်မှုတွေကြုံတွေ့ခဲ့ရပေမယ့် သူကိုင်တွယ်ခဲ့တဲ့ သက်တမ်းအတွင်း မော်ရင်ဟိုထက် ပိုကောင်းမွန်တဲ့ အသင်းတည်ဆောက်မှု လမ်းကြောင်းမှန်ကို ရောက်ခဲ့တယ်လို့ ဂလေဇာမိသားစုနဲ့ အက်ဝုဒ်တို့က သတ်မှတ်ထားပါတယ်။

ဆိုလ်းရှားဟာ အသင်းတည်ဆောက်မှုမှာ မှန်ကန်တဲ့လမ်းကြောင်းကို လျောက်နိုင်တယ်ဆိုပေမယ့်လို့ ဆုဖလားတွေရရှိနိုင်မယ့်အချိန်တွေမှာတော့ တစ်ခုမဟုတ် တစ်ခုနဲ့ ခြေချော်သွားလေ့ ရှိပါတယ်။

Dailly Expressရဲ့ဖော်ပြချက်အရ ယူနိုက်တက်တာဝန်ရှိသူတွေဟာ နောက်ထပ် ပရောချက်တစ်ခုအနေနဲ့ ဖလက်ချာတို့လိုကစားသမားတွေကို အသင်းအတွက် နည်းစနစ်ဒါရိုက်တာ အားကစားဒါရိုက်တာတွေခန့်ထားဖို့ရှိတယ်လို့လည်းဆိုတယ်။

ဒါ့အပြင် ဆိုလ်းရှားကို လက်ရှိထက် လုပ်ခလစာပိုပေးပြီးရင် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဆိုလ်းရှားလိုချင်တဲ့ Targetတွေကိုလည်း ပစ်မှတ်ထားထားတယ်လို့ဆိုတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆိုလ်းရှားကို လုပ်ခလစာ ၇ဒဿမ၅သန်းကနေ ၁၀သန်းအထိ ပေးမယ်လို့သိရပြီ ဒီစာချုပ်အရ ဆိုလ်းရှားဟာ ယူနိုက်တက်မှာ ၂၀၂၃အထိဆက်ရှိနေမယ်လို့နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။

လက်ရှိ ယူနိုက်တက်အနေအထားကို ကြည့်မယ်ဆိုရင် သူတို့အတွက် ယူရိုပါလိဂ်တစ်ခုကျန်သေးပြီးအမှတ်ပေးဇယား ၂နဲ့ အဆုံးသတ်ဖို့များနေပါတယ်။ ဒီလိုအခြေအနေတွေဖြစ်နေတဲ့အချိန်မှာ ဒီရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ရင်တောင်ဆိုလ်းရှားကို သက်တမ်းတိုးပြီးတော့ စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့ အသင်းဘက်က ဆုံးဖြတ်ချက်ချထားတယ်လို့သိရပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ယူနိုက်တက်တာဝန်ရှိသူတွေဟာ သူတို့အသင်းအနာဂါတ်နဲ့ နောက်ထပ်လုပ်မယ့် ပရောဂျက်အတွက် ဆိုလ်းရှားနဲ့သင့်တော်ပြီး ယုံကြည်ချက်ထားတယ်လို့ မှတ်ချက်ပြုရမှာဖြစ်တဲ့အတွက် ရှေ့မှာ ဆိုလ်းရှားအတွက် ကြိုတင်ပြင်ဆင်စရာ လုပ်စရာတွေကအများကြီးပဲရှိလာမှာဖြစ်ပါတယ်။

ဒီတော့ မန်ယူပရိတ်သတ်ကြီးတွေကရောဆိုလ်းရှားကို အသင်းအတွက် ဆက်လက်ရှိစေနေချင်သေးလား ဘယ်လိုသဘောထားလဲဆိုတာမှတ်ချက်လေးရေးပေးခဲ့ကြပါဦး

MH

Leave a Comment

Your email address will not be published.