.

ဂလေစာမိသားစုထွက်ခွာပြီးနောက် ယူနိက်တက်ကွင်းလယ်ကြယ်ပွင့်အနာဂတ်…..

မန်ချက်စတာယူနိက်တက်နဲ့ ဂလေစာမိသားစုဆိုတာ ပြသနာတွေ အခက်အခဲတွေ အရှုပ်အထွေးပေါင်းစုံလင်လှ သပွတ်အူ လိုဘဲ ဘောလုံးကဇာတ်ခုံပေါ်မှာ နှစ်အတန်ကြာ ကပြနေခဲ့ပါတယ်…

အဲ့ဒီနောက် မန်ချက်စတာယူနိက်တက် ဟာ ဂလေစာမိသားစုနဲ့ အောင်မြင်လိုက် ကျရှုံးလိုက်နဲ့ ပရိတ်သတ်တွေရဲ့ အဝေဖန်ခံအပြောခံပြီး နှစ်အတန်ကြာ စီးပွားရေး အမြတ်ထုတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုတာလည်း လူတိုင်းသိပြီးဖြစ်မှာပါ…..

ယခုအခါမှာတော့ မန်ချက်စတာယူနိက်တက် ကွင်းလယ်ကြယ်ပွင့်တဦးဖြစ်တဲ့ ပေါ့ဘာရဲ့ အနာဂတ်အကြောင်း ထွက်ပေါ်လာခဲ့ပါပြီဆိုတာကို CU Offside ကဖော်ပြခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက် ကွင်းလယ်ကြယ်ပွင့် ပေါ့ဘာဟာ အသင်းနဲ့ မကြာသေးမီကဘဲ အေးဂျင့် ရွိင်အိုလာ ကောင်းမှုနဲ့ ပရိတ်သတ်တွေ ငြိုငြင်တာကို ခံခဲ့ရပါတယ်…

ခြေစွမ်းပိုင်းပြန်ကောင်းလာမှုနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကိုပြန်ရလာတဲ့ယခုအချိန်မှာတော့ ပေါ့ဘာဟာ တပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ ကို တောင်းဆိုခဲ့ရပါတယ်…

.

ယင်းတောင်းဆိုမှုကိုအသင်းက လက်မခံပါဘူးဆိုတာကို ပြောပြီး ပေါ့ဘာကို သူ့ အနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်လို့ ယူနိက်တက် ဘုတ်အဖွဲ့မှ တာဝန်ရှိသူတဦးကပြောခဲ့ပါတယ်…

Leave a Comment

Your email address will not be published.