ကွင်းလယ်ဗိုလ်ချုပ် ပေါ့ဘာနဲ့ပက်သက်ပြီး ဆိုလ်းရှားကို သတိပေးလိုက်တဲ့နဗီး

ယူနိုက်တက်အသင်းဟာ လိဒ်မြေမှာ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားအိမ်မက်ကနေ ဂယောင်ခြောက်ခြားနဲ့ နိုးထခဲ့ရပါပြီ.နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက်အနေနဲ့ မကြာခင်မှာ ယူရိုပါလိဂ် ဆီးမီးဖိုင်နယ်အတွက် ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး သူတို့အတွက် ဖလားအိမ်မက်ကို ဆက်မက်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီအချိန်မှာပဲ ယူနိုက်တက်ဂန္တဝင်ဂယ်ရီနဗီးက ကွင်းလယ်ထိပ်သီးကစားသမားပေါ့ဘာနဲ့ပက်သက်ပြီးဆိုလ်းရှားကိုသတိပေးလိုက်ပါတယ်။

“လိဒ်နဲ့ပွဲမှာ ပေါ့ဘာမပါတဲ့ ကွင်းလယ်က သိသာပါတယ်။ ပေါ့ဘာရှိရင် ဖာနန်ဒက်က ပိုသန်မာပါတယ်။ ဒီတော့ ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ဆိုလ်းရှားအနေနဲ့ ပေါ့ဘာအနာဂါတ်နဲ့ပက်သက်ပြီး သေချာစဉ်းစားသင့်ပါတယ်။ တကယ်လို့‌ ပေါ့ဘာကို ယူနိုက်တက်က ထွက်ခွာစေမယ်ဆို ကွင်းလယ်အတွက် နောက်တစ်ယောက်မဖြစ်မနေကိုရှာရမှာဖြစ်ပါတယ်။”လို့နဗီးကပြောကြားခဲ့တာပါ

ပါ့ဘာဟာ ဒီရာသီမှာ ခြေစွမ်းထက်မြက်နေတဲ့ ထိပ်သီးကစားသမားတစ်ဦးဖြစ်သလို သူ့ပရိတ်သတ်တွေကတော့ သူ့ကို ကွင်းလယ်ဗိုလ်ချုပ်လို့တောင် သတ်မှတ်ထားတာပါ။

ပြီးခဲ့တဲ့လိဒ်နဲ့ပွဲမှာ ပေါ့ဘာမပါတဲ့ ကွင်းလယ်နဲ့ ကာဗာနီမပါတဲ့ တိုက်စစ်က ယူနိုက်တက်အတွက် သိသိသာသာ အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကာဗာနီအစား မာရှယ်ကို ရောင်းထုတ်ပြီးဆက်ထိန်းထားမလား ကာဗာနီကိုထွက်ခွာစေမလား ပေါ့ဘာတောင်းဆိုတဲ့ ဈေးကိုပေးပြီး ပေါ့ဘာကို ယူနိုက်အတွက်ဆက်ရှိစေမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ အသက်သွေးကြောတစ်ခုဖြစ်တဲ့ ဘရူနိုဖာနန်ဒက်ကလည်း ပေါ့ဘာရဲ့ စာချုပ်အခြေအနေကိုစောင့်ကြည့်နေတယ်လို့ဆိုထားပါတယ်။ဘီဘီစီက အားကစားသတင်းထောက်တစ်ဦးရေးထားတဲ့”လိဒ်အသင်းဘာကြောင့်ကံကောင်းခဲ့သလဲ”ဆိုတဲ့ဆောင်းပါးမှာ ပေါ့ဘာကို မိနစ် ၈၀ကျော်မှထည့်သွင်းခဲ့တာဟာ အဓိက အကြောင်းတစ်ခုလို့ဆိုထားပါတယ်။

လိဒ်အသင်းကွင်းလယ်ကစားသမား ကယ်ဗင်ဖီလစ်က “ပေါ့ဘာပွဲအစမှာတည်းက မပါတာ ကျွန်တော်တို့အတွက်ကံကောင်းမှုတစ်ခုပါပဲ။ ဖာနန်ဒက်ကလည်း အထင်ကြီးလောက်စရာကောင်းအောင် ထူးခြားတဲ့ကစားသမားတစ်ဦးပါ။ ဒါပေမယ့် ကျွန်တော်တားဆီးနိင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်သာ အတူတူဆိုရင်တော့ ကျွန်တော်တို့ တူတူရုန်းကန်ရလိမ့်မယ်ထင်ပါတယ်”လို့လည်း ပြောဆိုခဲ့ပါတယ်။

MH

Leave a Comment

Your email address will not be published.