ရိုးမားအသင်းကို ခနဲ့တဲ့တဲ့ ပြောမိလို့ ဆိုလ်းရှားကို ရိုးမားဖန်တွေ အကြီးအကျယ်ဒေါသထွက်

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုလ်းရှားဟာ ရိုးမားအသင်းကို ခနဲ့တဲ့တဲ့ မှတ်ချက်စကားပြောခဲ့တာကြောင့် ရိုးမားပရိတ်သတ်တွေဟာ ဆိုလ်းရှားကို အကြီးအကျယ် ဒေါသထွက် ပေါက်ကွဲနေကြပါတယ်။

လိဒ်ယူနိုက်တက်နဲ့ပွဲအပြီး မီဒီယာမှ ဆိုးလ်ရှားကို ရိုမား အသင်းနဲ့ပတ်သတ်လို့ မှတ်ချက်ပေးမေးမြန်ရာတွင် ဆိုးလ်ရှားမှ ” ရိုမားအသင်းရဲ့အကြောင်းကို ကျွန်တော် မသိပါဘူး။ ဒါနဲ့ သူတို့ကစားတာကိုကျွန်တော်မှ မမြင်ရတာ။

ယင်းပြောစကားကို ကြားသိရပြီးနောက် ချန်ပီယံလိဂ်ရော ၊ ယူရိုပါလိဂ်ဖလားရော မကိုင်ဖူးသည့် ရိုမားအသင်း၏ ပရိသတ် များက ဒေါသထွက်ခဲ့ကြလေသည်။

ယင်းသို့ဒေါသထွက်ပြီးနောက်ရိုမားပရိသတ်များက ရိုမားအသင်း၏ လေ့ကျင့် ရေးကွင်းအဝင်အဝတွင် ဆိုးလ်ရှား၏မှတ်ချက်စကား အပါအဝင် ယင်းတို့မှ` ဒီကောင် ငါတို့ကို အမြဲသတိရ နေအောင် လုပ်လိုက်စမ်း´ ဟူသော အဓိပ္ပါယ်ရသည့် posters များ နိုင်းများကို လက်အညောင်းခံကပ်ကြပြီး ဆိုလ်းရှားကိုစိတ်ဆိုးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆိုးလ်ရှား၏ ယူနိုက်တက်နည်းပြဘဝတွင် ဆီမီးပြုတ် ဓလေ့ရှိတာကြောင့် လာမည့် ကြာသပတေးနေ့ညမှာ ယင်းမှတ်တမ်းဆိုးကို ချိုးနိုင်ခြင်းရှိမရှိ အားပေးရှု့စားရ မည်ဖြစ်သည်။

MH

Leave a Comment

Your email address will not be published.