နွရာသီမှာ ဆိုးလ်ရှား အလိုချင်ဆုံး ရှေ့၊လယ်၊နောက် ထိပ်သီးကြယ်ပွင့် ၃ယောက်

မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင်တွေဟာ ပရိတ်သတ်တွေရဲ့ ဆန္ဒပြမှုတွေကို အကြီးအကျယ်ခံနေရတဲ့အချိန်မှာပဲ ဂလေဇာဟာ ဆိုလ်းရှားလိုချင်တဲ့ကစားသမားတွေကို ခေါ်ဖို့ကြိုးစားပေးမယ်လို့ လူချင်းတွေ့ဆုံချိန်ပြောကြားထားပါတယ်။။

မန်ချက်စတာယူနိုက်တက်နည်းပြအိုလေဆိုလ်းရှားဟာ ဖလားအိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ အသင်းအတွက် လူသစ်ခေါ်ရေးစီမံချက်ကို တစ်ကယ်အကောင်အထည်ဖော်ဖို့လိုအပ်နေတာပါ။

The Sunရဲ့ဖော်ပြချက်အရ နည်းပြဆိုလ်းရှားဟာ လာမယ့်နွေရာသီမှာ ရှေ့တန်းတိုက်စစ် အလယ်တန်း နဲ့ နောက်တန်းတို့အတွက် ထိပ်သီးကြယ်ပွင့် ၃ယောက်ကို အထူးလိုချင်နေတယ်လို့သိရပြီး ဂျိုးဂလေဇာက သူတို့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားပေးမယ်လို့ ဆိုလ်းရှားကို ပြောကြားထားတယ်လို့ဆိုပါတယ်

ယူနိက်တက်ဟာ ကာဗာနီလို ထိပ်သီး ဂိုးသွင်းရှင် တိုက်စစ်မှူးအစစ်အမှန်တစ်ယောက်လိုအပ်နေတာဖြစ်တဲ့အတွက် ဒေါ့မွန်အသင်းက လူငယ်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့ကြိုးစားနေတာကြာခဲ့ပါပြီ။

အခုလည်းဆိုလ်းရှားက လာမယ့်နွေရာသီမှာ ပေါင်၁၅၀သန်းဈေးခေါ်ထားတဲ့ ဟာလန်းကိုခေါ်ယူပေးဖို့ ဂလေဇာကိုတောင်းဆိုထားပါတယ်။
ဒိပမာဏာဟာမြင့်မားလွန်းတဲ့အတွက် ယူနိုက်တက်ဟာ သူတို့ကစားသမား ၇ယောက်လောက်ကို ထုတ်ရောင်းသွားဖို့ရှိနေပါတယ်။

ဒါ့အပြင် ဆိုလ်းရှားက ကွင်းလယ် ကြယ်ပွင့်‌ ပေါ့ဘာဟာ ယူနိုက်တက်မှာ မသေချာတဲ့အတွက် ကွင်းလယ်တိုက်စစ်အတွက် ဗီလာက ဂရေးလစ်ကို ခေါ်ယူချင်နေတယ်လို့ ယူနိုက်တက်ညနေခင်းကဖော်ပြပါတယ်။

ဂရေးလစ်ရဲ့လက်ရှိပေါက်ဈေးကတော့ ပေါင် ၈၀သန်းဖြစ်ပြီးတော့ ယူနိုက်တက် အသင်းက လက်ရှိ ခွင့်ပြုထားတာ ပေါင်သန်း၁၀၀လောက်ပဲရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဆိုလ်းရှားအလိုချင်ဆုံးနောက်တစ်ယောက်ကတော့ နောက်တန်းကို ခိုင်မာအောင်ပြုလုပ်ဖို့အတွက် ရီးရဲမက်ဒစ်နောက်တန်း Rapheal Varanreကို ခေါ်ယူချင်နေတယ်လို့ဆိုပါတယ်။

ဒီကစားသမားဟာ နောက်နှစ်မှာ ရီးရဲမက်ဒရစ်ကထွက်ခွာတော့မှာဖြစ်ပြီးတော့ ပေါင်၄၃သန်းပေါက်ဈေးရှိနေတာလည်းဖြစ်ပါတယ်။ ဆိုလ်းရှားခေါ်ယူချင်တဲ့ကစားသမားတွေကတော့ ဈေးအကြီးဆုံးတွေလို့ဆိုရမှာဖြစ်ပြီးတော့ ယူနိုက်တက်က ပရိတ်သတ်တွေရဲ့ မကျေနပ်မှုတွေကို ပြေလျော့စေဖို့ နောက်နှစ်မှာတော့ ကစားသမားသစ်တွေ ခေါ်ယူပေးမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မန်ဖန်တွေရော ဒီ ၃ယောက်ထဲက ဘယ်သူ့ကို ခေါ်ယူသင့်တယ်ထင်လဲ။ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကတော့ အတော်လေးဈေးကြီးနေပေမယ့် ရှေ့တန်းတိုက်စစ်မှူးစစ်စစ်တစ်ယောက်တော့ တစ်ကယ်လိုနေတာအမှန်ပဲနော်.

MH

Leave a Comment

Your email address will not be published.