“နို့ကြိုက်တဲ့မောင်”ဘွဲ့ကို ခံယူထားတယ်လို့ ထုတ်ပြောပြလာတဲ့ ယူနိုက်တက်က ကစားသမား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သလို သရဲနီပရိတ်သတ်တို့ရဲ့ အချစ်တော်ကစားသမားတစ်ဦးကတော့ “နို့ကြိုက်တဲ့မောင်”လို့ အခေါ်ခံရလောက်အောင် နို့ကို ကြိုက်တဲ့သူဖြစ်တယ်လို့ ယူနိုက်တက်ညနေခင်းကဖော်ပြထားပါတယ်။

ဘရူနိုဖာနန်ဒက်က ဒီကိစ္စနဲ့ပက်သက်လို့ မစိုးရိမ်လိုက်ပါနဲ့ ဆိုပြီး နို့ပုံပြင်အကြောင်းပြောပြလာပါတယ်။

နို့ပုံပြင်ဆိုတော့ တလွဲတွေမတွေးလိုက်နဲ့။ ဖာနန်ဒက်ပြောတဲ့ နို့ပုံပြင်ဆိုတာ တခြားတော့မဟုတ်ပါဘူး။သူက ငယ်ငယ်လေးတည်းက နို့ကြိုက်တဲ့သူဖြစ်ပြီးတော့သူနို့ကြိုက်တဲ့ အကြောင်းကို ခုလိုပြောပြလိုက်တာပါ။

“ကျွန်တော် နို့သောက်ရတာကိုကြိုက်တယ်။ ဒါကြောင့် မို့ နို့သောက်ရတာ အဆင်ပြေမှုရှိပါတယ်။ ဒီကိစ္စနဲ့ပတ် သတ်လို့ မစိုးရိမ်လိုက်ပါနဲ့။ ကျွန်တော်ကတော့ နို့ကို ဆက်သောက်နေဦးမှာပဲ။

ဒါပေမယ့် တစ်ခါတစ်လေဆို အဝတ်စားလှယ်ခန်း မှာ သောက်စရာနို့မရှိရင် ကျွန်တော့် အိမ်ကနေ ယူလာတက်ပါတယ်။ “ဆိုပြီး နို့ကြိုက်တဲ့မောင် ဘွဲ့ကို နှစ်နှစ်ခြိုက်ခြိုက်ခံယူထားပါတယ်။ မန်ဖန်ပရိသတ်ကြီးတွေရော နို့ကြိုက်ကြလား?့ကြိုက်တဲ့မောင်တွေရှိလား??

MH

Leave a Comment

Your email address will not be published.