ဆိုလ်းရှားအရမ်းလိုချင်နေတဲ့ ဟာလန်းကို မခေါ်သင့်တဲ့အကြောင်း ပြောလာတဲ့ ဖာဂူဆန်

မန်ချက်စတာယူနိက်တက်အသင်းဟာ နည်းပြ ဆိုးရှားလ်ရဲ့ တပည့်ဟောင်းဖြစ်တဲ့ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဟာလန်းကို ဆိုလ်းရှားကိုယ်တိုင်ကလည်း ဟာလန်းကို ဒီနှစ်နွေမှာ နံပါတ်တစ်ပစ်မှတ်ထားစာရင်းထားပြီး ခေါ်ယူဖို့ ဂလေဇာကိုတောင်းဆိုထားတာပါ။

ဟာလန်းရဲ့လက်ရှိပေါက်ဈေးဟာ ပေါင်၁၅၀သန်းတောင်ဖြစ်နေတဲ့အတွက်တဖက်မှာလည်း ဈေးက ဟာလန်းရဲ့ ခြေစွမ်းနဲ့ ထိုက်တန်ရဲ့လားဆိုတဲ့ ဂန္တဝင်ကစားသမားတွေရဲ့ စကားသံတွေကလည်း ပလူပျံနေပါတယ်

ဟာလန်းကိုသာ တကယ်လို့ခေါ်ယူရင် ယူနိုက်တက်ဟာ သူတို့ကစားသမား ၇ယောက်လောက်ကို ရောင်းချသွားရဖွယ်လည်းရှိနေပါတယ်။

ယခုအခါမှာတော့ မန်ချက်စတာယူနိက်တက်ရဲ့ အောင်မြင်မှုတွေ အများသိမ်းပိုက်ထားနိုင်တဲ့ နည်းပြကြီး တဦးဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်က ဟာလန်းကို ဘာကြောင့်မခေါ်စေချင်တာလဲဆိုတာ Sport Mole မှာ ယခုလိုပြောလာပါတယ်

ဖာဂူဆန် က ” အိုလေ အနေနဲ့ ဒီကစားသမားတဦးတည်းနဲ့ အချိန်မဖြုန်းနေသင့်ပါဘူး….တခြားပင်ကိုယ် ဂိုးသွင်းစွမ်းရည် မြင့်မားတဲ့ ကစားသမားတွေ အများကြီးပါ

.

ဟာလန်းဟာ ဂိုးသွင်းနိုင်ဖို့ ဂိုးဖန်တီးပေးနိုင်တဲ့ ကစားသမား သုံးလေးယောက်လောက်ရှိမှ ခြေပေါ်တာမို့ သေချာစဉ်စားစေချင်ပါတယ်..နစ္စတယ်ရွိင်းတုန်းကလို မျိုး မထင်ပါနဲ့ …မတူပါဘူး

တာ်တော်ကွဲပြားပါတယ်..နစ္စတယ်ရွိင်းတုန်းက ပင်ကိုယ် ဂိုးသွင်းစွမ်းရည်ကောင်းသလို ဘက်ခမ်းလို ဂိုးဖန်တီးအားကောင်းတဲ့ တောင်ပံကစားသမားတယောက်ရှိနေပါတယ်

ယူနိက်တက်မှာ လက်ရှိ ဘက်ခမ်းလိုကစားသမားမရှိသလို …ဟာလန်းဟာလည်း နစ္စတယ်ရွိင်းလို့ အရည်အချင်းတို့ ရှိမနေပါဘူး…ဒါကြောင့် အိုလေ စဉ်းစားပါ ” ဟု ပြောသွားခဲ့ပါတယ်.

MUPS

Leave a Comment

Your email address will not be published.