ရိုးမားနဲ့ပွဲမတိုင်ခင် ဆိုလ်းရှားရဲ့ ယူနိုက်တက်ဖန်တွေ သိသင့်တဲ့အချက် ၆ ချက်

ဒီတစ်ပတ်မှာဆိုရင် ဘောလုံးပရိတ်သတ်တွေ အများဆုံးစိတ်ဝင်စားကြတဲ့ ပွဲစဉ်တွေရှိနေပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပွဲစဉ်ရှိသလို မန်ဖန်တွေ ရင်ခုန်ရမယ့် ယူရိုပါလိဆီမီးဖိုင်နယ်လည်းရှိလို့နေပြန်ပါတယ်။

ယူရိုပါလိဆီမီးဖိုင်နယ်မှာတော့ ဆိုးလ်းရှားရဲ့ ယူနိုက်တက်နဲ့ ရိုးမားတို့ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဆိုးလ်းရှားနဲ့ ရိုးမားတို့မတွေ့ခင် မန်ဖန်တွေသိထားသင့်တဲ့ အချက်၅ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

၁-၂၀၀၇ခုနှစ်ချန်ပီယံလိဂ်မှာ ရိုးမားနဲ့ယူနိုက်တက်တို့တွေ့ခဲ့တုန်းက
ရောမမြို့မှာရိုးမားကနိုင်ခဲ့ပီးတော့ အိုးထရက်ဖို့မှာ ယူနိက်တက်ကနိုင်ခဲ့တယ်။ အိုးထရက်ဖို့မှာ ယူနိုက်တက်က ၇ဂိုး ၁ဂိုးနဲ့ နိုင်ခဲ့တာဖြစ်ပြီးတော့ ရောမမြို့မှာ ရိုးမားက ၂ဂိုး ဂိုးနဲ့နိုင်ခဲ့တယ်။

၂-ရိုးမားအနေနဲ့ယူနိုက်တက်နဲ့ထိပ်တိုင်ဆုံတဲ့Head To Headမှာ အိမ်ကွင်းတစ်ကျော့ ၂ဂိုး၁ဂိုးနဲ့နိုင်တာကလွဲရင် ယူနိုက်တက်က အိုးထရက်ဖို့မှာ ၁-၀ ၊ ၁-၀ ၊ ၇-၁နဲ့ အဝေးကွင်းမှာ တစ်ပွဲနိုင် ၄ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး ရိုးမားက ၆ပွဲမှာ ၁ပွဲနိုင် ၁ပွဲသရေ ၄ပွဲရှုံးထားတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရိုးမားကို မန်ချက်စတာယူနိက်တက်ဟာ အမြဲတမ်းအသာစီးရနိုင်တယ်လို့ သုံးသပ်လို့ရတယ်။

၃-လက်ရှိအခြေအနေကို ကြည့်ရင်လည်း ရိုးမားဟာ စီးရီးအေမှာ ၄ပွဲဆက်နိုင်ပွဲပျောက်နေတယ်။ ၆ပွဲမှာ ၂ပွဲနိုင် ၂ပွဲသရေ ၂ပွဲရှံးထားတယ်။ တော်တော်လေးရုန်းကန်နေရတဲ့ အခြေအနေဖြစ်တယ်။ ယူနိုက်တက်ကတော့ လိဒ်ကို သရေကျထားပြီးတော့ ယူရိုပါလိဂ်ကို အာရုံစိုက်ထားပုံရတယ်။

၄-ကစားသမားအခြေအနေကိုကြည်ရင် ရိုးမားဘက်က ပရိမီးယားလိဂ်မှာ အထာနပ်နေတဲ့ စမောလင်း ပက်ထရိုတို့လို့ ကစားသမား ၄ယောက်လောက်ပြန်ပါလာနိုင်တယ်။ သူတို့ဘက်က အရည်အသွေးကောင်းတဲ့အတွေ့အကြုံရှိတဲ့ ကစားသမားတွေရှိပေမယ့် တိုက်စစ်မှာတော့ အသက်၃၄အရွယ်ရှိတဲ့ တိုက်စစ်မှူးအင်ဒီချက်ကိုတစ်ယောက်ကိုသာအားကိုးနေရတာကို တွေ့ရတယ်။

ယူနိုက်တက်ဘက်ကတော့ နောက်တန်းလင်ဒီလော့နေရာမှာပူပူနွေးနွေးစာချုပ်ချုပ်ထားတဲ့ဘိုင်လီဖြစ်လာနိုင်ပြီးတော့ အထောင်တိုက်စစ်မှာ သစ်သားစိမ်းကိုထုတ်ပြီးကာဗာနီကိုထည့်သွင်းကစားလာနိုင်တယ်။။ကွင်းလယ်မှာ ဆိုလ်းရှားအကြိုက် ဖရက် တောမီနေး ပေါ့ဘာနဲ့ဖာနန်ဒက်တို့နဲ့ ကစားလာနိုင်တယ်။

၅-ဒီအချက်ကတော့ယူနိုက်တက်အတွက်အထူးသတိထားရမယ့်ချက်ဖြစ်တယ်။ ဆိုလ်းရှားဟာ ဖလားကျိန်စာသင့်နေပုံရတယ်။ တကယ့်ပွဲကြီးတွေ ရေကုန်ရေခမ်း နင်လားငါလားကန်ရမယ့် ဆီမီးပွဲတွေမှာ ထထဖောက်တတ်တာပဲဖြစ်တယ်။

မန်စီးတီးကို EFL ဆီမီးဖိုင်နယ်မှာရှုံးတယ် FAမှာ ချဲဆီးလ်ကိုရှုံးတယ်ဆီဗိရားကို ယူရိုပါလိဂ်ကိုရှုံးတယ်။ ဒီနှစ်ရာသီ EFLဆိမီးမှာလည်း မန်စီးတီးကိုရှုံးတယ်။ FAမှာ လက်စတာကိုရှုံတယ် ဒါကိုကြည့်ရင် နင်လားငါလားကန်ရတဲ့ပွဲမှာ ဆိုလ်းရှားဟာတစ်ခုခုထဖောက်ပြီး ဆီမီးကျိန်စာသင့်သလိုဖြစ်နေတာကိုတွေ့ရတယ်။ ဒါပေမယ့် သူတို့ရင်ဆိုင်ခဲ့တဲ့အသင်းတွေထဲမှာ ရိုးမားကတော့ အားနည်းတာကိုတွေ့ရတယ် ။

၆-ဆာအဲလက်ဖာဂူဆန်ကတော့ သူ့ဘောလုံးနည်းပြတစ်သက်တစ်သက်မှာတစ်ကြိမ်လောက်ပဲရှိနိုင်တဲ့ ကစားသမားတွေခြေစွမ်းအရမ်းပြတဲ့ လုပ်တိုင်းဖြစ်ခဲ့တဲ့ပွဲက ရိုးမားလိုပွဲမျိုးဖြစ်တယ်လို့ သူ့ကစားသမားတွေကို ဖာဂူဆန်ကပြောပြခဲ့ဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုးမားကို ဂိုးမိုးရွာခဲ့လို့ပဲဖြစ်တယ်။
ခုလည်း ရိုးမားကို ဂိုးမိုးရွာနိုင်မလား ဆိုတာစောင့်ကြည့်ရမှာဖြစ်တယ်။

MH

Leave a Comment

Your email address will not be published.